Thursday, April 19, 2018

ဂန့်ဂေါ - အိုက္ကားကားလမ်း လမ်းဘေးတွင်စုပုံထားသည့် ကတ္တရာပုံးများ တောမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်း




ဂန့်ဂေါ ဧပြီ ၁၉
          ဂန့်ဂေါ - အိုက္ကား ကားလမ်း ဂန့်ဂေါမြို့နယ် အောင်မြင်ရွာနှင့် ဇီးပြားကျေးရွာကြားတွင်  အောင်မြင်ရွာ အနောက်ဖက် ၄ ဖါလုံအကွာ၌ စုပုံထားသော လမ်းအထူး (၁၁) ပိုင်ဆိုင်သည့် ကတ္တရာပေပါခွံများအား ဧပြီ ၁၈ ရက် ညနေ ၅ နာရီခွဲက တောမီးမှ တစ်ဆင့်ကူးစက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့သည်။
          မီးလောင်ရာသို့ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး  ၊ ခရိုင်မီးသတ်ဦးစီးဌာနမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ  ကျေးရွာနေပြည်သူများ ရောက်ရှိ၍ မီးသတ်ကား ၃ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ကြရာ ညနေ ၆ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်းနှင့် လူ၊ တိရစ္ဆာန်များ ပျက်စီးမှုမရှိ ကြောင်း သိရသည်။
စိန်ကျော်(ဝါးဘိုးချောင်)

0 comments:

Post a Comment