Wednesday, April 18, 2018

စလင်းမြို့၌ အခြေခံ ကွန်ပျူတာသင်တန်းဖွင့်လှစ်




စလင်း ၊ ဧပြီ ၅
          မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ စေတနာ Mobile Education Centre မှနယ်လှည့် ကွန်ပျူတာပညာဒါန အတတ်သင်တန်းကို စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဧပြီလ ၅ ရက်နေ့နံနက်ပိုင်းမှ စတင်၍ သင်ကြားပို့ချလျှက်ရှိကြောင်းသိရသည်။သင်တန်းကို ဒေသတွင်း လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး ကွန်ပျူတာ အခြေခံမြန်မာ/အင်္ဂလိပ် (၂)ဘာသာ စာစီစာရိုက်နည်း၊ Excel,Power Point,Page Maker စသည့် ဘာသာရပ်အသုံးပြုနည်းများပါဝင်ပြီး သင်တန်းချိန်ကို နံနက် ၇ နာ၇ီမှည ၉ နာရီအထိ သင်တန်းသား ၇၂ ဦးအား ၁ ရက်လျှင် ၁ နာရီ ၁၃ အချိန်ခွဲ၍ သင်ကြားပို့ချလျှက်ရှိရာ သင်တန်း ကာလ မှာ ၂ လ ကြာမြင့်မည့်ဖြစ်ကြောင်းသိရသည်။
စိုးမိုးသူ (ပြန်/ဆက်)

0 comments:

Post a Comment