Friday, March 9, 2018

lချောက်မြို့နယ် ခပေါင်းစမ်းကျေးရွာတွင် နေအိမ် နှစ်လုံးမီးလောင်ကျွမ်း


                
************
မတ်လ(၉).ရက် ချောက်မြို့ 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် သံဘိုကျေးရွာအုပ်စု ခပေါင်းစမ်းကျေးရွာ မတ်လ(၉) ရက်နေ့(၉း၃၀)နာရီခန့်တွင် မီးလောင်မှုကြောင့် နေအိမ် နှစ်လုံး ဆုံးရှုံးခဲ့သည် ဟု ဂွေးချိုကျေးရွာ မီးသတ်စခန်းမှ သိရှိရသည်

၎င်းကျေးရွာနေ ဒေါ်ခင်အုန်း (၅၆) နှစ် (တောင်သူ)၏ နေအိမ် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့သည် ယင်းမီးလောင်မှုကြောင့် လေးပင်ပတ်လည် သွပ်မိုး ထရံကာ အိမ်တစ်လုံး သုံးပင်ပတ်လည် သွပ်မိုးထရံကာ အိမ်တစ်လုံး နွားတင်ကုတ်တလုံးခန့်မှန်းဆုံးရှုံးမှုတန်ဘိုးငွေ (၂၇၁၅၀၀) ကျပ် ဆုံးရှုံးခဲ့သည် မီးလောင်မှုကြောင့် ကျား (၅)ဦး မ (၈)ဦး စုစုပေါင်းလူဦးရေ(၁၃) ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည် ၄င်းထံမှ သိရှိရသည်

မီးပေါ့ဆသူ ဒေါ်ခင်အုန်းအား ဂွေပင်ရဲစခန်း (ပ)  ၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်နေသည်ဟု ၄င်းရဲစခန်းထံမှ သိရှိရသည်

ရဲနောင် 


[Image 169.jpg]

0 comments:

Post a Comment