Saturday, March 17, 2018

အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲကျင်းပ




မင်းဘူး                မတ်            ၁၆
          မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ ညနေ (၄း၃၀) အချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
          အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ  ဦးသန်းဌေးမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် လူငယ်တွေအနေဖြင့် အင်္ဂလိပ် ဘာသာရပ်ကို လေ့လာဆည်းပူး ရန်လိုအပ်ကြောင်း၊ မိမိတို့ သိမှု၊ တတ်ကျွမ်းမှုများကို ပြန်လည်မျှဝေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ Youth Club အသင်းဥက္ကဌ ဦးရဲရင့်အောင်က သင်ကြားမှုလုပ်ငန်းစဉ်များကို အထောက်အကူပြု ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ ကို ရှင်းလင်းပြောကြားပြီး သင်တန်းဆရာ ဦးကျော်ဇေယျာမင်းမှ  သင်တန်းပို့ချရာတွင် ကြုံတွေ့ခဲ့ရ သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းသူတစ်ဦးဖြစ်သူ မအိန္ဒာသိမ့်သိမ့်သူမှ သင်တန်းကာလ(၂) လတာအတွင်း ရရှိခဲ့သော အင်္ဂလိပ်စာနှင့် ပတ်သက်သည့် ဗဟုသုတ စကားပုံတစ်ခုအား အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့ပြီး သင်တန်းသူ/ သားများကိုယ်စား ဒေါ်ဆန်းယုဝင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
            ထို့နောက် ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးမှ သင်တန်းဆရာ ဦးကျော်ဇေယျာမင်းအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီး သင်တန်းသူ/သားများကိုယ်စား ဒေါ်လွင်လွင်ခိုင်မှ  သင်တန်းဆရာအား အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။အဆိုပါ သင်တန်းကို ၁၀.၁.၂၀၁၈ မှ ၁၅.၃.၂၀၁၈ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment