Wednesday, March 7, 2018

ပွင့်ဖြူမြို့နယ်တွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆို




ပွင့်ဖြူ      မတ်     
        ၂၀၁၈ ခုနှစ် မတ်လ(၇)ရက်နေ့တွင် ကျင်းပသည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာစာစစ်ဌာနများတွင် ယနေ့နံနက် ၉ နာရီက စတင်ပြီး ဖြေဆိုကျင်းပလျက်ရှိရာ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင်လည်း အခြေခံပညာစာစစ်ဌာန(၆)ခုခွဲ၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည် ကို တွေ့မြင်ခဲ့ရသည်။
          ပွင့်ဖြူမြို့နယ်အနေဖြင့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၀၉၇)ဦး ရှိပြီး၊ ပွင့်ဖြူအ.ထ.ကကျောင်းတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ (၇၇၉)ဦး၊ ကံသာကြီး (အ.ထ.က)ကျောင်းတွင် ဖြေဆိုသူ(၇၆)ဦး၊ ရှောက်တော(အ.ထ.က) ကျောင်းတွင် ဖြေဆိုသူ (၄၂၀) ဦး၊ ကုန်းဇောင်း (အ.ထ.က)ကျောင်းတွင် ဖြေဆိုသူ (၉၅၇)ဦး၊ ကျောင်းတော်ရာ(အ.ထ.က)တွင် ဖြေဆိုသူ (၄၈၄)ဦးနှင့် လယ်ကိုင်း(အ.ထ.က) ကျောင်းတွင် ဖြေဆိုသူ(၂၇၁) ဦး ၊ တစ်မြို့နယ်လုံး ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၉၈၇)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရပြီး၊ ဖြေဆိုပျက်ကွက် စာရင်းအနေဖြင့် ပွင့်ဖြူ(အ.ထ.က)စာစစ်ဌာနတွင် ကျား(၃၃)၊ မ(၁၄)၊ ပေါင်း(၄၇)ဦး၊ ရှောက်တော(အ.ထ.က)စာစစ်ဌာနတွင် ကျား(၃)ဦး၊ မ(၇)ဦး၊ ပေါင်း(၁၀)ဦး၊ ကျောင်းတော်ရာ (အ.ထ.က) စာစစ်ဌာနတွင် ကျား(၁၀)ဦး၊ မ(၆)ဦး၊ ပေါင်း(၁၆)ဦး၊ ကုန်းဇောင်း(အ.ထ.က)စာစစ်ဌာနတွင် ကျား(၂၂)ဦး၊ မ(၁၁)ဦး၊ ပေါင်း(၃၃)ဦး၊ လယ်ကိုင်း (အ.ထ.က)စာစစ်ဌာနတွင် ကျား(၂)ဦး၊ မ(-)ဦး၊ ပေါင်း၊ (၂)ဦး၊ ကံသာကြီး(အ.ထ.က)စာစစ်ဌာနတွင် ကျား(၂)ဦး၊ မ(-)ဦး၊ ပေါင်း(၂)ဦး၊ စုစုပေါင်း ဖြေဆိုပျက်ကွက်သည့် ကျောင်းသားကျောင်းသူဦးရေ(၁၁၀)ဦး ရှိကြောင်းနှင့် စာစစ်ဌာန အသီးသီးတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ သွားလာဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများ၏ မိဘများမှ အနီးကပ် ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။   
                                                                                                                           ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment