Monday, March 19, 2018

မန်းချောင်း ရေလှောင်တမံမှ နွေသီးနှံစိုက်ပျိုးရေ ပေးဝေမှုနှင့်အတူ မန်းချောင်းတမံရေဖြင့် ရွှေစက်တော်ဘုရားဖူးများ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြည်နူးစွာ စည်ကားသိုက်မြိုက်လျက်ရှိ




မင်းဘူး                မတ်            ၁၈
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်း ရေလှောင်တမံသည် လက်ထောက်ညွှန်ကြားရေးမှူး (ဆည်မြောင်း)ရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မင်းဘူးမြို့မှ ထိန်းသိမ်းထားသော ရေလှောင်တမံတစ်ခု ဖြစ်ပါသည်။ ယခုနှစ်တွင် မန်းချောင်း ရေလှောင်တမံမှ ရေပြည့်စွာ သိုလှောင်နိုင်ခဲ့ပါသည်။ မန်းချောင်း ရေလှောင်တမံ ရေသောက်စနစ်နှင့် အိုင်းမရေလွှဲဆည် ရေသောက်စနစ်များကို နွေစပါး၊ နွေနှမ်းစိုက်ပျိုးရာသီအတွက် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရေစတင်ပေးဝေခဲ့ပါသည်။ မန်းချောင်း ရေလှောင်တမံမှ သိုလှောင်ရေကို အိုင်းမဆည်သို့ ရေကူပေးပြီး ယခု(၂၀၁၇-၂၀၁၈) ခုနှစ်တွင် နွေစပါး၊ နွေနှမ်း (နွေသီးနှံ) လျာထားဧက စုစုပေါင်း (၁၆၆၈၅) ဧက ရေအပြည့်အ၀ပေးဝေမည် ဖြစ်ကြောင်း သိရှိရပါသည်။

          ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မင်းဘူးမြို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းမှ  "ကျွန်တော်တို့ဌာနက ထိန်းသိမ်းထားတဲ့ မန်းချောင်းရေလှောင်တမံကရေကို ငဖဲမြို့ ပတ်ဝန်းကျင်ဒေသတွေနဲ့ အိုင်းမ ရေလွှဲဆည်ကတဆင့် မင်းဘူး၊စကု၊ပွင့်ဖြူ ဒေသများမှ ရေသောက်စနစ်များကို စိုက်ပျိုးရေပြည့်ဝလုံလောက်စွာ ရေပေးဝေနိုင်သည့်အပြင် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ပါ မန်းချောင်းမှတဆင့် ရေချပေးထားတာဖြစ်ပါတယ်၊ မန်းရွှေစက်တော်၏ ထူးခြားချက်မှာ အမြို့မြို့အနယ်နယ်မှ ဘုရားဖူးများ မန်းရွှေစက်တော်ရှိ အထက်စက်တော်ရာနှင့် အောက်စက်တော်ရာများကို ဖူးမျှော်ကြည်ညိုပြီး ကြည်လင်အေးမြတဲ့ မန်းချောင်းရေချိုးခြင်းဖြင့် စိတ်ရွှင်လန်းချမ်းမြေ့ပြီး နှစ်စဉ်ဖူးမျှော်လိုသော ဆန္ဒများ ပေါ်ပေါက်လာသည့်အတွက် ဆည်ရေအကျိုးနဲ့ ကုသိုလ်ပါထပ်တိုးတာပေါ့" ဟု ပီတိစကား ပြောကြားခဲ့သည်။ မန်းချောင်းရေလှောင်တမံမှ ရေကို စိုက်ပျိုးရန်အတွက်သာမက မန်းရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း() ရက်မှ မြန်မာနှစ်ဆန်း() ရက်နေ့အထိ ပွဲတော်ကာလ ရက်ရှည်ကြာမြင့်စွာ စည်ကားသိုက်မြိုက်ရေးအတွက် မရှိမဖြစ် ရေလှောင်တမံဖြစ်ပြီး  ဒေသနှင့် ပတ်ဝန်းကျင် စိမ်းလန်းသာယာ ဖွံ့ဖြိုးစေသော ပြည်သူ့အကျိုးပြု တမံဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ မန်းချောင်း ရေလှောင်တမံမှ သိုလှောင်ရေဖြင့် နွေသီးနှံစိုက်ခင်းများ၊ စပါးခင်းများ စိမ်းလန်းဝေဆာတော့မည်ဖြစ်ကာ မန်းရွှေစက်တော် ဘုရားပွဲတော်တွင်လည်း ဘုရားဖူး ပြည်သူများဖြင့် ကြက်ပျံမကျစည်ကားလျက် ရှိပါကြောင်း သတင်းရရှိ ပါသည်။
သန်းဌေး(မင်းဘူး)

0 comments:

Post a Comment