Saturday, March 17, 2018

မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား




မင်းဘူး                မတ်            ၁၄
          မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စု ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ယနေ့ နံနက် ၇း၁၅ အချိန်၌ ဦးစိုးမိုး() ဦးစိုးတင့်၏ နေအိမ်မီးကြွင်းမီးကျန်မှတဆင့် နေအိမ်၊ နွားစာတဲနှင့် စားတော်ပဲတင်း (၂၀) ခန့် မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
            ဖြစ်စဉ်မှာ မင်းဘူး(စကု)မြို့နယ်၊သနပ်ပင် ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာနေ ဦးစိုးမိုး() ဦးစိုးတင် () ဦးအေးရွှေ (၄၇) နှစ်၏ နေအိမ်မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ထရံကာ၊ ဝါးကြမ်းခင်း (၂၀×၂၀) ပေ၊ နွားစာတဲ(၁၅×၁၅) ပေနှင့် စားတော်ပဲတင်း (၂၀) ခန့် မီးလောင်ကျွမ်းခဲ့ရာ၊ ဆုံးရှုံးမှုတန်ဖိုး ၈၃၀,၀၀၀/ိ ကျပ်ခန့်ဖြစ်ပြီး လူ/တိရိစ္ဆာန်တို့ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုမရှိ၊ အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းမှု မရှိပါကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ ရုံးမှတဆင့် သိရှိရသည်။
အဆိုပါနေရာသို့ မင်းဘူးခရိုင် မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်၌ သန္ဓေ (၁၅) ဦး၊ အရန်(၂၀) ဦး၊ မီးငြိမ်းသတ်ယာဉ်() စီး၊ ရေသယ်ယာဉ်()စီးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ပြီး= အိမ်ရှင် ဦးစိုးမိုး() ဦးစိုးတင့်အား မင်းဘူး မြို့မရဲစခန်းမှ ရဲ() ၃၆/၂၀၁၈ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment