Tuesday, March 6, 2018

ကျေးရွာစာကြည့်တိုက်မှူးများအား စာအုပ်ထိန်းသိမ်းနည်း သင်တန်းပို့ချ




မင်းဘူး        မတ်   
        မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်မှူးများအား မိမိတို့ စာကြည့်တိုက်တွင် စာအုပ်များ ပိုမိုတိုးတက်လာအောင် စီစဉ်ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာသူ/ သားများ စာဖတ် နှုန်းပိုမိုမြင့်မားလာစေရန်နှင့် စာကြည့်တိုက်တွင် စာအုပ်များ စနစ်တကျ ထားရှိနိုင်ရန် ရည်ရွယ်၍ ကျေးရွာ စာကြည့်တိုက်မှူးများအား စာအုပ်ထိန်းသိမ်းနည်း သင်တန်းကို မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Save The Children အဖွဲ့တို့ ပူးပေါင်းပြီး မင်းဘူး(စကု)မြို့နယ် ကုန်းသာကျေးရွာ၊ အလက(ခွဲ) ကျောင်းခန်းမတွင် မတ်လ ၆ ရက်နေ့၌ ဖွင့်လှစ်ပို့ချ ခဲ့ကြောင်း သိရှိရသည်။
          အဆိုပါ သင်တန်းတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်၊ စာကြည့်တိုက်မှူး ဒေါ်မြတ်မြတ်မော်နှင့် Save The Children အဖွဲ့မှ စီမံကိန်းအရာရှိ ဦးသန်းထွဋ် တို့က စာကြည့်တိုက် ပညာရပ်များဖြစ်သော စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲခြင်း၊ စာအုပ်များ ထိန်းသိမ်းခြင်း၊ စာအုပ်ငှားရမ်းခြင်း၊ စာအုပ်များတွင် ကုတ်စနစ်ပြုလုပ်ခြင်း စသည့် စာကြည့်တိုက်နှင့် ပတ်သက်သော ပညာရပ်များ ကို လက်တွေ့ဆောင်ရွက်ခြင်းများနှင့်အတူ (၂) ရက်တာပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။
          သင်တန်းသို့ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ ကျေးရွာ(၁၆) ရွာမှ  သင်တန်းသူ/ သားများဖြစ်သည့် စာကြည့်တိုက် မှူးများနှင့် စာကြည့်တိုက်ကော်မတီဝင်(၄၈) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment