Wednesday, March 7, 2018

မင်းဘူးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို




မင်းဘူး        မတ်   
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာနများ ဖြစ်ကြသည့် အထက(၁)မင်းဘူး၊ အထက(၂)မင်းဘူး၊ အထက(ခွဲ)မြို့မ၊ အထက-မုန်တောင်၊အထက-ရွာသာယာ၊ အထက-စကု တို့၌ ယနေ့ နံနက် ၉နာရီမှ စတင်၍ မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုကြောင်း သိရသည်။
          မင်းဘူး(စကု) မြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုတို့၌ အတွင်းဖြေ ကျောင်းသူ/သား (၁၈၉၇) ဦး၊ အပြင်ဖြေ ကျောင်းသူ/သား(၁၂၆၅) ဦး၊ စုစုပေါင်း (၃၁၆၂) ဦး၊ ပျက်ကွက်ကျောင်သူ/သားပေါင်း (၁၉၆) ဦး ရှိပြီး ကျောင်းသူ/သားများ အားလုံး အခက်အခဲမရှိ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် အပြင်စည်းလုံခြုံရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ကျောင်းအသီးသီးမှ တာဝန်ရှိ ဆရာ/မ များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment