Saturday, March 17, 2018

ကမ္ဘာ့စားသုံးသူများအခွင့်အရေးနေ့ကို ဂုဏ်ပြုသောအနေဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ




မင်းဘူး                မတ်            ၁၅
ကမ္ဘာ့စားသုံးသူများအခွင့်အရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မင်းဘူးမြို့ စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၉ နာရီအချိန်က  စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
စားသုံးသူတို့အနေဖြင့် မိမိတို့ အခွင့်ရေးများကို သိရှိနားလည်၍ ကုန်စည်(သို့) ၀န်ဆောင်မှုများကို သုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှုတို့ကို မခံရစေရန်နှင့် ယခုကဲ့သို့ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အတွက် ပြည်သူများအနေဖြင့် စားသုံးသူဆိုင်ရာအခွင့်အလမ်းများကို ပိုမိုသိရှိခံစားနိုင်မည်ဖြစ်ပြီး ထုတ်လုပ်ရောင်းချသူများအနေဖြင့်လည်း အရေအသွေးကောင်းမွန်သော ပစ္စည်းများကို စနစ်တကျ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်မှ ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ လက်ကမ်းစာစောင် များတွင် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာတိုင်ကြားမှုနှင့် ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသူများ သတိပြု ရမည့် အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ အတွက် တားမြစ်ချက် နှင့် ပြစ်ဒဏ်များ စသည့် အချက်များကို ထည့်သွင့်ဖော်ပြထားကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment