Saturday, March 17, 2018

မန်းရွှေစက်တော်ရာဘုရားအ၀င်လှေတင်တံတားအနီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား




မင်းဘူး                မတ်            ၁၆
        မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊ မန်းရွှေစက်တော်ဘုရားအ၀င် လှေတင်တံတားအနီးတွင် ယနေ့နံနက် (၇း၂၀) အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရှိရသည်။
          ဖြစ်စဉ်မှာ မင်းဘူး(စကု) မြို့နယ်၊ သီးကုန်းကျေးရွာနေ ယာဉ်မောင်း ဦးအေးနိုင်(၄၆) နှစ်၊ (ဘ) ဦးတင်ငြိမ်း၊ မောင်းနှင်လာသော ယာဉ်အမှတ် MDY-T 3789 CANTER အဖြူရောင်ယာဉ်သည် လှေတင်တံတား ရှေ့သို့ရောက်ရှိစဉ် ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် မင်းဘူး(စကု) မြို့နယ်၊ သီးကုန်း ကျေးရွာနေ ကိုဇင် (၃၀)နှစ်၊ မတင်ဇာ(၁၆) နှစ်၊ ဦးအေးနိုင်(၄၆) နှစ်၊ မကြယ်စင်ရွှန်းလဲဝေ၊ ကိုကျော်စွညွန့်(၁၇)နှစ်၊ ကိုခိုင်ဇော်မင်း(၁၆)နှစ်၊ မောင်ပြည့်ဖြိုးကျော် (၁၆)နှစ်၊ မဆုမြတ်လွင်(၁၆)နှစ်၊ မသိမ့်အိဖူး(၁၆) နှစ်၊ မမွန်မြတ်သူ(၁၆) နှစ်၊ မပပအောင် (၁၆)နှစ်၊ မတင်ဇာ (၁၆)နှစ်၊ မဆုဦးငယ် (၁၄)နှစ်၊ ဒေါ်သင်းသင်းယု(၃၉) နှစ်၊ မောင်ခန့်ခိုင်ရဲရင့်ဝေ(၉) နှစ်၊ မဝေဝေငြိမ်း (၁၅) နှစ်၊ မသဲစုငယ်(၁၅)နှစ်၊ မောင်အောင်မင်းထက်(၁၉) နှစ်၊ မောင်တင်လင်းမောင်(၁၈) နှစ်၊ မကျော့ကျော့ခိုင်(၁၂) နှစ်၊ ကျား(၈) ဦး၊ မ(၁၂) ဦး၊ စုစုပေါင်း (၂၀) ဦးအသီးသီး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ရာ ၎င်းထိခိုက်ရာ ရရှိသူများကို မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကူသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment