Sunday, March 25, 2018

"မျိုးဆက်သစ်" ကျောင်းစာကြည့်တိုက် ပေးအပ်ပွဲနှင့်ဖွင့်ပွဲအခမ်းအနားကျင်းပ




စလင်း ၊ မတ် ၂၃
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျက်သကိုင်ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ဗိုလ်မှူးသန်းအေး (အမျိုးသားစာပေဆုရှင် စလင်းဘုန်းကျော်) + ဒေါ်ငြိမ်းငြိမ်းတင်  မိသားစုမှ ဆောက်လုပ်လှူဒါန်းသော "မျိုးဆက်သစ်" ကျောင်းစာကြည့်တိုက် ပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ် လက်ထောက် ပညာရရေးမှူး ဦးစောလွင် နှင့် အလှူရှင်ကိုယ်စား ဒေါ်တင်တင်နု တို့မှအဆိုပါ စာကြည့်တိုက်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။
          ထိုနောက် အခမ်းအနားကိုကျင်းပရာ ညောက်နှစ်ပင်ဆရာတော် ဦးစန္နိမ ကမျိုးဆက်သစ် လူငယ်များ စာဖတ်ခြင်းဖြင့် အသိပညာ၊ ဗဟုသုတ ပြည့်စုံ၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေပြီး စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြား ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်လက်ထောက် ပညာရရေးမှူး ဦးစောလွင်တို့မှ အသီးသီး အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်ကော်မတီကိုယ်စား ကျောင်းအုပ် ဆရာမကြီး ဒေါ်မြကြိုင်မှ အလှူရှင်အား ကျေးဇူးတင်စကားပြောကြားပြီး စာကြည့်တိုက်နှင့်ပတ်သက်၍  ဆောင်ရွက်ရမည့် လုပ်ငန်းများကိုဆွေးနွေးပြောကြားခဲ့ပါသည်။ထိုနောက်စာကြည့်တိုက် အလှူရှင်ကိုယ်စား ဒေါ်တင်တင်နုမှ မျိုးဆက်သစ် စာကြည့်တိုက်မှတ်တမ်းအား မြို့နယ်ပညာရေးဦးစီးဌာနသို့ ပေးအပ်ခဲ့ပြီး ကျက်သကိုင်ကျေးရွာ အ.မ.ကကျောင်းသား/သူများမှ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ၄င်းစာကြည့်တိုက်မှာ အလျား ၂၀ ပေ၊ အနံ ၁၆ ပေ၊ အမြင် ၁၁ ပေ၊ အာစီ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ်အဆောက်အဦဖြစ်ပြီး  ကာလတန်းဖိုး ကျပ်သိန်း ၄၀ ကုန်ကျခဲ့ကြောင်းသိရသည်။
စိုးမိုးသူ (ပြန်/ဆက်)

0 comments:

Post a Comment