Tuesday, March 6, 2018

ချောက်မြို့တွင်လူတစ်ဦးကြိုးဆွဲ ချ သေဆုံးမှုဖြစ်ပွါး



********
မတ်လ(၅) ရက် ချောက်မြို့

မကွေးတိုင်းဒေသကြီး ချောက်မြို့အမှတ်(၄) နယ်မြေ အုံမြားစုရပ်ကွက် မတ်လ(၄)ရက် ည (၉) နာရီကျော် အချိန် ခန့်တွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်

အုံးမြားစုရပ်ကွက်နေသူ မထားထားနွယ်၏ နေအိမ်နောက်ဖေးရှိ တဲအတွင်း၌ ၄င်း၏ မောင်ဖြစ်သူ ကိုကျော်ဇေယျ (ခ) ဂျီဖိုး (၄၂) နှစ်သည် ပိုကြိုး ဖြင့် ကြိုးဆွဲချသေဆုံးနေသည် သေဆုံးသူသည် အရက်အလွန်အကျွံ သောက်သုံးသဖြင့် မကြာခဏ စိတ်လွတ်ခြင်း အဝတ်အစားမပါဘဲ ရွံ့ထဲတွင် နေခဲ့ဘူးခြင်းတို့ရှိသည်ဟု ရဲမှတ်တမ်းအရသိရှိရသည်

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍  မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၈ ရေးဖွင့်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု မြို့မရဲစခန်းမှ သိရှိရသည်

0 comments:

Post a Comment