Tuesday, March 6, 2018

ချောက်မြို့ တွင် အမျိုးသမီး (၅) ယောက် ဖဲရိုက် ပိုကာဖဲဝိုင်းဖမ်းဆီးမိ

ချောက် မတ်လ (၅) ရက်

မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၁၅) ရတနာအိုင့်ရပ်ကွက်နေ မသန်းဌေး၏ နေအိမ်တွင် အမျိုးသမီး (၅) ယောက် ကစားသည့် ဖဲရိုက် ပိုကာဖဲဝိုင်းကို မတ်လ(၄) ရက် နေ့ ည (၈း၃၀) အချိန်တွင် ဖမ်းဆီးမိသည်ဟု ဒေသခံတစ်ဦးမှ ပြောသည်

အမျိုးသမီး (၅) ယောက် ပိုကာဖဲရိုက်လောင်ကစားရာတွင် အသုံးပြုသည့်  အစိမ်းရောင် AAA ဖဲချပ် (၁၀၈) ချပ် ကြွေပန်းကန်အသေး (၁) ချပ် ပလပ်စတစ်ဘူးဝိုင်း( အကောက်ခွက် ) (၁) ခု ဖုန်း (၂) လုံး ဆင်းကဒ်(၂) ကဒ် စောင်အနီကွက်ကြား (၁) ထည် တုံကင်ပြား (၂၀) ပြား ပိုက်ဆံအိတ် (၂) လုံး နီညိုရောင် အနွေးထည် (၁)ထည် ၄င်းတို့ ထံမှ သိမ်းဆည်းငွေစုစုပေါင်း (၇၂၃၅၀ိ/-) ကျပ် တို့အား ဖမ်းဆီးမိသည်ဟု ရဲမှတ်တမ်းမှ သိရှိရသည်

အဆိုပါ ဖဲလောင်းကစားသူ (၅) ဦးအား ချောက်မြို့မ ရဲစခန်း (ပ) ၂၁/ ၂၀၁၈ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုစစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု ရဲအုပ် ထွန်းဦးဝင်း မှ ပြောသည်

နေနိုင် (ချောက်မြို့)

0 comments:

Post a Comment