Monday, March 5, 2018

နွေရာသီ​ကျောင်းပိတ်​ရက်​အ​ခြေခံပန်းချီသင်​တန်းဖွင့်​လှစ်





နတ်​​မောက်​         မတ်​ ၅


မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနနှင့်​နတ်​​မောက်​ကွန်​ရက်​တို့ပူး​ပေါင်း​ဆောင်​ရွက်​သည့်​​နွေရာသီ​ကျောင်းပိတ်​ရက်​အ​ခြေခံပန်းချီသင်​တန်းဖွင့်​ပွဲကိုမတ်​၅ရက်​နံနက်​၁၀နာရီကနတ်​​မောက်​မြို့လူထုအ​ခြေပြုဗဟိုဌာန Community Centre တွင်​ကျင်းပခဲ့သည်​။
အဆိုပါဖွင့်​ပွဲတွင်​ပန်းချီနည်းပြဆရာကြီးဦး​နေ၀င်း(ပညာ​ရေးငြိမ်း)ကပန်းချီသင်​တန်းဖွင့်​လှစ်​ရခြင်း၏ရည်​ရွယ်​ချက်​နှင့်​သင်​ကြား​ပေးမည့်​ရှု​မျှော်​ခင်း၊ကာတွန်း၊စိတ္တဇနှင့်​ပုံတူ(ရုပ်​​သေ၊သက်​ရှိ)များအ​ကြောင်းကိုရှင်းလင်း​ပြောကြားခဲ့သည်​။ထို့​နောက်​အ​ခြေခံပန်းချီသင်​တန်းတွင်​ပန်းချီနည်းပြဆရာ(၂)ဦးတို့က​ကျောင်းသား/သူ(၃၅)ဦးတို့ကိုသင်​ကြား​ပေးမည်​ဖြစ်​၍သင်​တန်းကာလမှာမတ်​(၅)ရက်​မှ(၁၄)ရက်​​နေ့အထိသင်​ကြား​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment