စေတုတ္တရာ မတ် ၂
မင်းဘူးခရိုင်၊
စေတုတ္တရာမြို့နယ်၊ မသိမ်းကျေးရွာအုပ်စု၊ ခိုဝင်ရွာအနီးတွင် တည်ထားကိုးကွယ်တော်မူသော
တစ်မြို့နယ်လုံးဆိုင်ရာ ကျောက်ခမောက်ဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မတ်လ ၁ ရက်နေ့
နံနက် ၈နာရီ အချိန်က အဆိုပါ ဘုရားရင်ပြင်အနီးတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျောက်ခမောက်ဘုရား
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ ရှိပြီး
ယခုနှစ်တွင်လည်း တစ်မြို့နယ်လုံးဆိုင်ရာ သံဃာအပါး(၁၀၀)ခန့် ကြွရောက်ချီးမြှင့်တော်မူပြီး
စေတုတ္တရာမြို့ ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဘုရားအနီး ပတ်ဝန်းကျင်ရွာများမှ လာရောက်၍
ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ တရား ဒေသနာတော် နာယူခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ
ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်
0 comments:
Post a Comment