Saturday, March 17, 2018

မကွေးမြို့မှာ ဂျပန်စကားပြောသင်တန်းကို (အခမဲ့) ပညာဒါန ပထမဆုံးအကြိမ်ကျင်းပသည်။ ထနောင်းရင်ခွင်စာပေ၀ိုင်း နှင့် မြေလတ်မီဒီယာစင်တာ ပူးပေါင်းကျင်းပသည်။

မကွေးမြို့မှာ ဂျပန်စကားပြောသင်တန်းကို (အခမဲ့) ပညာဒါန ပထမဆုံးအကြိမ်ကျင်းပသည်။
ထနောင်းရင်ခွင်စာပေ၀ိုင်း နှင့် မြေလတ်မီဒီယာစင်တာ ပူးပေါင်းကျင်းပသည်။
သင်တင်းဆရာ ဦးသိန်းဆွေ
သင်တန်းသားများ ၂၀ ဦး။
သင်တန်းကာလ ၂၀၁၈ မတ်လ ၁ ရက်မှ ၂၀ ရက်နေ့အထိ (၂၀)ရက်။
သင်တန်းအမည် ဂျပန်အခြေခံ စကားပြောသင်တန်း
သင်တန်းနေရာ။ ။ မကွေးမြို့၊ှဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့်အနီးရှိ မြေလတ်မီဒီယာစင်တာ
တွင်ကျင်းပသည်။

၁၇-၃-၂၀၁၈ နေ့မှာ မကွေးမြို့သင်တန်းအဖွဲ့က
ပုဂံ/ညောင်ဦးမြို့သို့ သင်တန်းများ ကွင်းဆင်းလေ့လာရေးသွားကြသည်။ ဂျန်ပန်နိုင်ငံသား များနှင့် တွေ့ဆုံကြသည်။ သင်တန်းသားများနှင့် ဂျပန်လူမျိုးများ စကားလက်ဆုံ ပြောဆို လေ့လာကြသည်။

အဆိုပါ သင်တန်းမှ တတိယတန်းကျောင်းသား ၊ အသက်အငယ်ဆုံး ၁၀ နှစ်သား မောင်ဘုန်းနေခန့် က
 ဂျပန်လူမျိုးများတွေ့ရှိတိုင်း သွက်သွက်လက်လက် ဂျပန်လူမျိုးများကို နုတ်ဆက် စကားပြောသည်။
အခြားသင်တန်းသား၊ သင်တန်းသူများကလည်း မိတ်ဆက် စကားပြောကြသည်။ မှတ်တမ်းတင် ဓာတ်ပုံများနှင့် ဗွီဒီယို မှတ်တမ်းများလည်း မှတ်တမ်းတင်ခဲ့
ကြသည်။
၎င်းသင်တန်းကို မတ်လ ၂၀ ရက်နေ့တွင် သင်တန်းဆင်းလက်မျတ် ချီးမြှင့်ပါမည်။

အလားတူ ဂျပန်အခြေခံစကားပြောသင်တန်း နှင့်
ဂျပန်စကားပြော မွမ်းမန်သင်တန်းများကို ၂၀၁၈ ခု၊ မတ်လ ၂၅ ဧပြီလ ၇ ရက်နေ့အထိ (၁၅)ရက် (အခမဲ့)သင်တန်းများကို ဆရာဥိးသိန်းဆွေ၏ တပည့် ဆရာတော် ဦးဝါယမ က ပို့ချပေးပါမည်။

သင်တန်းတက်ရောက်လိုသူများ မြေလတ်မီဒီယာစင်တာ နှင့် ထနောင်းရင်ခွင်စာပေ၀ိုင်း သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မြေလတ်မီဒိယာစင်

0 comments:

Post a Comment