Saturday, March 17, 2018

(၇၃) နှစ်မြောက် တပ်မတော်နေ့အကြို မူလတန်းအဆင့် အခြေခံပန်းချီဆင့်ပွားသင်တန်းဖွင့်လှစ်




စေတုတ္တရာ    မတ်    ၁၄
          (၂၇.၃.၂၀၁၈) ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို  ၁၃.၃.၂၀၁၈ ရက်နေ့က  စေတုတ္တရာမြို့နယ် ပြန်/ဆက် ဦးစီးဌာနမှ ယာယီရုံးဖွင့်လှစ်ထားသည့် ဓမ္မစကူးလ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
          နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် ကလေးများ စာအုပ်စာပေများနှင့် ရင်းနှီးမှုရရှိစေရန်၊ စာဖတ်ရှိန် မြင့်တက်လာစေရန်နှင့် စာဖတ်ခြင်း အလေ့အထကောင်းများရရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်လွင် ထံမှ သိရှိရသည်။
          အဆိုပါ မူလတန်းအဆင့် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို စားဌားစားဖတ်ကလေးများနှင့် ရပ်ကွက်အတွင်းရှိ ကလေးငယ်များက လာရောက်သင်ကြားခဲ့ရာ  မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်လွင်က သင်တန်းမှ လေ့လာသင်ယူခဲ့သည်များကို ဆင့်ပွါးသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကို (၃) ရက်ဆက်တိုက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)

0 comments:

Post a Comment