Saturday, March 3, 2018

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ မီးလောင်မှုမှာ မီးထိန်းနိုင်ခဲ့ပြီး မီးအကြွင်းကျန်များ ငြိမ်းသတ်နေရဆဲဖြစ်


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာတွင် မတ်လ (၃) ရက် ည ၈နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မတ်လ (၄) ရက် နံနက် ၁ နာရီအထိ မီးအကြွင်းကျန်များ ငြိမ်းသတ်နေဆဲဖြစ်ကြောင်း ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံများထံမှ သိရသည်။
ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ မတ်လ (၄) ရက် နံနက် ၁ နာရီခန့်က Eleven Media Group မှ ဖုန်းဆက်သွယ် မေးမြန်းခဲ့ရာ ထိုအချိန်အထိ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပခန်းကြီး စသည့်ဒေသများမှ မီးသတ်ကား ၂၅ စီး ငြိမ်းသတ်လျက် ရှိကြောင်း မီးထိန်းနိုင်ပြီ ဖြစ်သော်လည်း အကြွင်းကျန်များကို ငြိမ်းသတ်နေရဆဲဖြစ်ကြောင်း၊ ကျေးရွာမြောက်ပိုင်းမှ စတင်လောင်ကျွမ်းခဲ့ပြီး အသေးစိတ်အချက်လက်များ စုံစမ်းဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ရေစကြိုမြို့နယ်လူငယ်ကွန်ရက်မှ Wai Yan Aung (Sullivan Wai Yan) အကောင့်ဖြင့် Facebook သုံးသူက မီးလောင်သည့် ကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းအိမ်ခြေ ၃၀၀ ခန့် ပျက်စီးခဲ့သည်ဟု အခင်းဖြစ်ည ၉နာရီ ၄၆ မိနစ်က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။
Photo: Wai Yan Aung (Sullivan Wai Yan) Facebook (ရေစကြိုမြို့နယ်လူငယ်ကွန်ရက်)

0 comments:

Post a Comment