Sunday, March 25, 2018

(၇၃) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မှတ်ဉာဏ်အရည်အသွေးတိုးတက်ရေး ပြိုင်ပွဲကျင်းပ




မင်းဘူး           မတ်              ၂၃
          (၇၃) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မှတ်ဉာဏ် အရည်အသွေးတိုးတက်ရေး ပြိုင်ပွဲများကို မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၂) ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
          အဆိုပါ ပြိုင်ပွဲများကို၂၂.၃.၂၀၁၈ ရက်နေ့တွင် အလယ်တန်းအဆင့် ကျောင်းသား/သူများအား ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။ ဆက်လက်၍ ယနေ့ နံနက် (၈း၀၀)နာရီ အချိန်တွင်လည်း စာအုပ်ထဲမှ ဗဟုသုတ ပြန်လည်မျှဝေခြင်း၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြောစွမ်းရည်ပြိုင်ပွဲများကို မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ယခုကဲ့သို့ ကလေးများကိုယ်တိုင်ပါဝင်ဆောင်ရွက်ရသော ပြိုင်ပွဲများ ကျင်းပပေးနိုင်မှုကြောင့် ကလေးများအနေဖြင့် စာကြည့်တိုက်ကို စိတ်ဝင်စားမှုများပြားလာပြီး စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာနိုင်ကာ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်ကြောင်း၊ စကားပုံဆက် ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းအားဖြင့် မှတ်ဉာဏ် အရည်အသွေးတိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသား/သူများ ဝိုင်းဖွဲ့၍ စကားပုံများ ဖတ်ရှုပြီး ပြန်လည်မျှဝေ ပေးခြင်းဖြင့် စာအုပ်ထဲမှဗဟုသုတများ၊ အတွေးအမြင်များကို တခြားသူများအား စိတ်ဝင်စားဖွယ် ပြန်လည်မျှဝေ ပေးနိုင်သည့် စွမ်းရည်များကို လေ့ကျင့်ပျိုးထောင်ပေးခြင်း စသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ဦးစီးအရာရှိ ဦးသန်းဌေးမှ ပြောကြားသည်။
          ပြိုင်ပွဲအသီးသီးတွင်ပါဝင်ခဲ့ကြသော ကျောင်းသား/သူများအား မုန့်နှင့် အချိုရည်များကို ကျွေးမွေးခဲ့ပြီး ပြိုင်ပွဲများထဲမှ ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူ များအား ခရိုင်ဦးစီးအရာရှိမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး အလယ်တန်းအဆင့်ကျောင်းသား/သူ စုစုပေါင်း (၃၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment