Wednesday, March 7, 2018

စေတုတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ အေးချမ်းသာယာစွာစတင်ဖြေဆို



စေတုတ္တရာ    မတ်           
          ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ ဖွင့်လှစ်ထားသည့် စာစစ်ဌာနများ၌ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပရာ ပထမဦးဆုံးနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ကျောင်းသား/သူများ ငြိမ်းချမ်းအေးဆေးစွာ လာရောက်ဖြေဆိုကြကြောင်း သိရသည်။
          စေတုတ္တရာမြို့နယ်တွင် အထက-စေတုတ္တရာ၊ အထက-တန့်လည်ကျင်း၊ အထက-ဘူး အစရှိသည့် စာစစ်ဌာန (၃)ခု ဖွင့်လှစ်ထားရှိပြီး ဖြေဆိုရန်စာရင်းရှိ အတွင်း(၅၇၆) ဦး၊ အပြင်(၃၀၂) ဦး၊ စုစုပေါင်း (၈၇၈) ဦး ရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ အတွင်း(၂၀) ဦး၊ အပြင် (၁၈) ဦး၊ စုစုပေါင်း(၃၈) ဦး ပျက်ကွက်ခဲ့ပြီး ဖြေဆိုသူ အတွင်း (၅၅၆) ဦး၊ အပြင် (၂၈၄) ဦး၊ စုစုပေါင်း ဖြေဆိုသူ(၈၄၀) ဦး ရှိကြောင်း သိရှိရသည်။
          '' အရင်နှစ်က မေးခွန်းနဲ့စာရင် ခက်ပေမဲ့ ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ခဲ့ပါတယ်" ဟု ဖအိုင်းအနောက် ကျေးရွာမှ လာရောက်ဖြေဆိုသူ မနုနုထွေးမှ ပြောကြားခဲ့ကြောင်း သိရသည်။


0 comments:

Post a Comment