Saturday, March 31, 2018

အသေးစားထောက်ပံ့ရန်ပုံငွေ လျောက်ထားခြင်းဆိုင်ရာ လုပ်ငန်းခွင်သင်တန်းဖွင့်


စလင်း ၊ မတ် ၂၈

အပူပိုင်းဒေသ အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး၊ ဥာဏ်ရည် ဥာဏ်သွေးတို့နှင့် အလုံးစုံပြည့်ဝသော တွေးခေါ်မှုများကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်သော လူ့စွမ်းအားအရင်းအမြစ်တစ်ရပ် ပေါ်ထွက် လာစေရန် ရည်ရွယ်၍ အသေးစားထောက်ပံ့ရန်ပုံငွေ လျောက်ထားခြင်းဆိုင်ရာ လုပ်ငန်းခွင်သင်တန်း ကို မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ ၂၈ ရက်နေ့နံနက် ၉ နာရီအချိန်တွင်ကျင်းပခဲ့ ပါသည်။

အဆိုပါသင်တန်းကို မြို့နယ်ပက်မြန်မာလူမှုအဖွဲ့အစည်းမှ ဦးဆောင်၍ အဆိုပြုလွာအောင်မြင် ပြီးသော ဒေသခံအရပ်ဖက်အဖွဲ့အစည်းများမှ သင်တန်းသား(၁၂)ဦးအား ငွေကြေးထောက်ပံ့ခြင်းနှင့် ဆိုင်သောစည်းမျဉ်းစည်းကမ်းများအား သင်ကြားပြသပေးလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

စိုးမိုးသူ (ပြန်/ဆက်)

0 comments:

Post a Comment