Monday, March 26, 2018

ပါဠိပထမပြန် စာအောင်သံဃာတော်(၃၀) ပါးတို့အား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ




မင်းဘူး                မတ်            ၂၆
          မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ပါဠိပထမပြန် စာအောင်သံဃာ တော် (၃၀) ပါးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
          ရှေးဦးစွာ တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများက မင်းဘူးမြို့၊ မဟာဝိသုတာရာမ တိုက်သစ် ပဓာနနာယက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ ဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ရွတ်ဖတ်သည့် ပရိတ်တရားတော်များကို နာယူကာ မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ သာသနာရေးဆိုင်ရာများကို ဆက်လက်လျှောက်ထားပြီး ပင့်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
          ထို့နောက် ၂၀၁၇ ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သံဃာတော်(၃၀) ပါးတို့အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အောင်လက်မှတ်နှင့် စာအောင်ဆု များကို ဆက်ကပ်လှူဒါန်းကြပြီး မင်းဘူးမြို့ ရွှေတွင်းကျောင်းတိုက် ပဓာနနာယက မင်းဘူးမြို့နယ်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသာသနာထံမှ အနုမောဓနတရားနာကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment