Sunday, March 25, 2018

ဂျပန်စကားပြော အခြေခံ/မွမ်းမံ (အခမဲ့) သင်တန်းများ ကို မကွေးမြို့တွင် ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်




မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်ကွက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
 ဥက္ကဋ္ဌ မြို့နယ် ရုံးခန်းတွင်

မြေလတ်မီဒီယာစင်တာနှင့် ထနောင်းရင်ခွင်စာပေ၀ိုင်းတို့ ပူးပေါင်းဖွင့်လှစ်သော
ဂျပန်စကားပြော(အခမဲ့) သင်တန်းများ ၂၀၁၈၊ မတ်လ၂၅ ရက်မှ ဧပြီလ ၇ရက်နေ့အထိ၊(၁၄)ရက် ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်လိုက်ပါသည်။

သင်တန်းသား၊ သင်တန်းသူများ မတ်လ ၂၇ ရက်နေ့အထိ လက်ခံကြောင်း သိရသည်.။

သင်တန်းဆရာ ဆရာတော် ဦးဝါယမ (ရွှေပန်းမြိုင်ကျောင်းတိုက်၊ မန္တလေးမြို့)

ပိုချပေးသောသင်တန်းများမှာ အခြေခံသင်တန်း ၂/၂၀၁၈ကို နံနက် ၈နာရီမှ ၉း၃၀ နာရီ။
၁/၂၀၁၈ မွမ်းမံသင်တန်းကို ညနေ ၄း၃၀ မှ ၅း၃၀ နာရီအထိ နေ့စဉ်သင်ကြားကြောင်းသိရသည်။

သင်တန်းသားများမှာ အခြေခံသင်တန်း ၂/၂၀၁၈ မတ်လ ၂၅ ရက်နေ့စာရင်း ၂၅ ဦး။
၁/၂၀၁၈ မွမ်းမံသင်တန်းသားများမှာ မတ်လ ၂၀ ရက်နေ့က ၁/၂၀၁၈ အခြေခံသင်တန်းဆင်းလက်မှတ်ရရှိသူများ ၂၀ ဦးတို့တက်ရောက်ကြကြောင်း သတင်းရရှိသည်။

အလားတူ သင်တန်းများကို မကွေးမြို့၊ နံကပ်ကျွန်းအုပ်စု၊ သီတာရုံ၊ သီလရှင်ကျောင်းတိုက်တွင် ၂၀၁၈ ၊ မတ်လ ၂၅ ရက်နေ့မှစတင်၍ ဧပြီလ ၃၀ရက် လကုန်အထိ တစ်လတိတိ ဆက်လက်ပို့ချပေးမည်ဖြစ်ကြောင်း ဆရာတော် ဦးဝါယမ ၀၉-၇၇၉၃၁၃၉၇၀ (ရွှေပန်းမြိုင်ကျောင်းတိုက်၊ မန္တလေးမြို့) က ပြောသည်။

သင်တန်းတက်ရောက်လိုသူများ မကွေးမြို့ သီတာရုံ၊ သီလရှင်ကျောင်းသို့ လာရောက် သင်ကြားနိုင်ကြောင်း၊ အခြားမြို့နယ်များ မှ သင်တန်းသူများကို တည်းခိုနေရာ ပေးမည်ဖြစ်ကြောင်း သီတာရုံ၊ သီလရှင်ကျောင်းမှ သင်တန်းစီစဉ်သူ တစ်ဦး က ပြောသည်။

မြေလတ်ဂျာနယ်

0 comments:

Post a Comment