Thursday, March 22, 2018

အလင်းသစ် စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ




မင်းဘူး                မတ်            ၂၁
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာပုလဲအုပ်စု၊မကျီးပင်ကျေးရွာ၌ အလင်းသစ် စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ နံနက် ()နာရီ အချိန်က အဆိုပါစာကြည့်တိုက် ရှေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

          စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ်ဖဲကြိုးကို  မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေး၊ မကွေးတိုင်းဒေသကြီး Save The Children ရုံးမှ တိုင်းမန်နေဂျာ ဦးနေမျိုးထွန်း၊ ရွာပုလဲအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းစိန်နှင့် မကျီးပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။
          ဖွင့်ပွဲအခမ်းအနားတွင် Save The Children ရုံးမှ တိုင်းမန်နေဂျာ ဦးနေမျိုးထွန်းမှ အမှာစကား ပြောကြားပြီး   မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးမှ  စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများ၊ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မာရေးတို့ကို အမှာစကား ပြောကြားခဲ့ကြပြီး Save The Childrenမှ ဒေါ်ဇင်မာလွင်၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုဦးစီးအရာရှိ ဦးသန်းဌေးတို့က စာအုပ်စာစောင်များကို ပေးအပ် လှူဒါန်းခဲ့သည်။ဆက်လက်၍ စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးတင်ဝင်းမှ စာကြည့်တိုက် ဆောက်လုပ်သည့် လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများမှ စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှု ခဲ့ကြသည်။ အဆိုပါစာကြည့်တိုက်ကို ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေ၊ ကျေးရွာ ရန်ပုံငွေနှင့် ကျေးရွာနေ စေတနာရှင်များ၏ထည့်ဝင်ငွေများဖြင့် စုစုပေါင်း ကုန်ကျငွေ ၁သိန်းခွဲဖြင့် (၂၀×၂၀) ပေရှိ  တစ်ထပ် အဆောက်အဦကို ဆောက်လုပ်၍ သုတရသ စာအုပ်ပေါင်း (၅၀၀) ကျော်ဖြင့် ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
          ထိုနည်းတူစွာ ယနေ့နံနက်(၁၀း၃၀)နာရီက မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာတွင်လည်း (၂၂×၁၁) ပေရှိ ပန်းအလင်္ကာ စာကြည့်တိုက်ကို စာအုပ်ပေါင်း (၆၀၀) ကျော်ဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment