Tuesday, March 20, 2018

နေအိမ်မျက်နှာကျက်တပ်ဆင်၍ သံဂဟေဆော်နေရာမှ သံပန်း/သံတံခါးလုပ်ကိုင်သူ(၂) ဦးဓါတ်လိုက်သေဆုံး




မင်းဘူး                မတ်            ၂၀
          ၂၀၁၈ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ (၂၀း၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ အသစ်ဆောက်လုပ်နေသည့် ခရိုင်ဦးစီးမှူး၏ နေအိမ်၌ မျက်နှာကျက်တပ်ဆင်၍ သံဂဟေဆော်နေရာမှ သံပန်း/သံတံခါးလုပ်ကိုင်သူ (၂)ဦး သေဆုံးခဲ့ကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ သိရှိရသည်။
          ဖြစ်စဉ်မှာ မကွေးမြို့ အောင်မေတ္တရပ်ကွက်၊(၃)လမ်းနေ သံပန်း/သံတံခါးလုပ်ကိုင်သူ ကျော်နိုင်ဦး(၂၅) နှစ်၊ (ဘ) ဦးဌေးနိုင်နှင့် မကွေးမြို့၊ အောင်မေတ္တာ(ဃ)ရပ်ကွက်၊(၁၂)လမ်းနေ သံပန်း/သံတံခါးလုပ်ကိုင်သူ ချစ်ဝင်းထွန်း (၃၃) နှစ်၊ (ဘ) ဦးဝင်းမော် (၂) ဦးတို့သည် နေအိမ်မျက်နှာကျက်တပ်ဆင်၍ သံဂဟေဆော်နေစဉ်  ဓါတ်လိုက်ခဲ့ပြီး ချစ်စံဝင်းမှာ မျက်နှာကျက်ပေါ်မှ မြေပြင်ပေါ်သို့ တွဲလောင်းကျ၍လည်းကောင်း၊ ကျော်နိုင်ဦးမှာ အောက်ကြမ်းခင်းပြင် ၌ လည်းကောင်း အသီးသီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
          အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ(၂) ဦးတို့သည်ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် မင်းဘူးမြို့မရဲစခန်းမှ  စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment