Sunday, March 18, 2018

ရွှေနတ်​ကယ်​​တောင်​သာသနာ့ဟိတစာကြည့်​တိုက်​ဖွင့်​ပွဲကျင်းပ



နတ်​​မောက်​             မတ်​ ၁၇

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ဆိုင်​​ကောင်း​ကျေးရွာအနီး​ရွှေနတ်​ကယ်​​တောင်​ဘုရားတွင်​​ရွှေနတ်​ကယ်​​တောင်​ဆရာ​တော်​ဘုရားကြီးအရှင်​၀ိမလဗုဒ္ဓိ၏ကြီးကြပ်​ဦး​ဆောင်​မှုဖြင့်​ပင်​မစစ်​လက်​နက်​ပစ္စည်းတပ်​(နတ်​​မောက်​)တပ်​မှူးဗိုလ်​မှူးကြီးနိုင်​၀င်း​ဇော်​နှင့်​နတ်​​မောက်​မြို့​မေတ္တာ​ရေကြည်​ကုဠီသန့်​ရှင်း​ရေးနှင့်​လူမှုအကျိုးပြုအဖွဲ့တို့ပူး​ပေါင်း၍စာအုပ်​​စာ​စောင်​​ပေးအပ်​လှူဒါန်းခြင်းနှင့်​သာသနာ့ဟိတစာကြည့်​တိုက်​ဖွင့်​ပွဲကိုမတ်​၁၆ရက်​နံနက်​၁၀နာရီခွဲအချိန်​ကကျင်းပခဲ့သည်​။


ထို့​နောက်​သာသနာ့ဟိတစာကြည့်​တိုက်​ဖွင့်​ပွဲတွင်​​ရွှေနတ်​ကယ်​​တောင်​ဆရာ​တော်​ကြီးအရှင်​၀ိမလဗုဒ္ဓိနှင့်​ဆရာ​တော်​များ၊ပင်​မစစ်​လက်​နက်​ပစ္စည်းတပ်​(နတ်​​မောက်​)တပ်​မှူးဗိုလ်​မှူးကြီးနိုင်​၀င်း​ဇော်​နှင့်​​မေတ္တာ​ရေကြည်​ကုဠီသန့်​ရှင်း​ရေးနှင့်​လူမှုအကျိုးပြုအဖွဲ့ဥက္ကဌဦးနိုင်​ဦးတို့ကအဆိုပါစာကြည့်​တိုက်​​ရှေ့တွင်​ဖဲကြိုးဖြတ်​ဖွင့်​လှစ်​​ပေးခဲ့သည်​။

အခမ်းအနားတွင်​​ရွှေနတ်​ကယ်​​တောင်​ဆရာ​တော်​ကြီးမှစာကြည့်​တိုက်​ဖွင့်​လှစ်​ရခြင်း၏ရည်​ရွယ်​ချက်​များကိုဆရာ​တော်​များနှင့်​ဦးဇင်းများအားသြ၀ါဒစကားမိန့်​ကြားခြင်း၊ပင်​မစစ်​လက်​နက်​ပစ္စည်းတပ်​(နတ်​​မောက်​)တပ်​မှူးဗိုလ်​မှူးကြီးနိုင်​၀င်း​ဇော်​ကစာကြည့်​တိုက်​တစ်​တိုက်​ဖြစ်​​စေရန်​ဘီ(၅)လုံးအ​ကြောင်းသိ​ကောင်းစရာများကိုရှင်းလင်းခြင်းနှင့်​​မေတ္တာ​ရေကြည်​ကုဠီသန့်​ရှင်း​ရေးနှင့်​လူမှုအကျိုးပြုအဖွဲ့ဥက္ကဌဦးနိုင်​ဦးကစာအုပ်​စာ​စောင်​များလှူဒါန်း​ပေးရခြင်းအ​ကြောင်းသိ​ကောင်းစရာများကိုရှင်းလင်း​ပြောကြားခဲ့ပြီးစာအုပ်​စာ​စောင်​များအား​ပေးအပ်​လှူဒါန်းခဲ့သည်​။

အဆိုပါစာကြည့်​တိုက်​ဖွင့်​ပွဲတွင်​​ရွှေနတ်​ကယ်​​တောင်​ဆရာ​တော်​ကြီး၊ဆရာ​တော်​များနှင့်​ဦးဇင်းများ၊ပင်​မစစ်​လက်​နက်​ပစ္စည်းတပ်​(နတ်​​မောက်​)တပ်​မှူး၊​မေတ္တာ​ရေကြည်​ကုဠီသန့်​ရှင်း​ရေးအဖွဲ့ဝင်​များနှင့်​ဘုရားဖူးလာသူပြည်​သူများတက်​​ရောက်​ခဲ့ကြသည်​။ရွှေနတ်​ကယ်​​တောင်​သာသနာ့ဟိတစာကြည့်​တိုက်​တွင်​စာအုပ်​စာ​စောင်​(၇၀၀)​ကျော်​ရှိပြီး​ရွှေနတ်​ကယ်​​တောင်​ဆရာ​တော်​များနှင့်​ဘုရားဖူးလာသူပြည်​သူများအားစာအုပ်​စာ​စောင်​များဖတ်​၍ဗဟုသုတရရှိ​စေရန်​ဖွင့်​လှစ်​ခဲ့ခြင်းနှင့်​အများပြည်​သူစာ​ပေဖတ်​ရှု​လေ့လာ​စေရန်​စာအုပ်​များလာ​ရောက်​လှူဒါန်းနိုင်​​ကြောင်းကို​မေတ္တာ​ရေကြည်​ကုဠီသန့်​ရှင်း​ရေးအဖွဲ့ဥက္ကဌက​ပြောကြားခဲ့​ကြောင်းသိရသည်​။

လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment