Tuesday, March 6, 2018

၂၀၁၈ခုနှစ်​တက္ကသိုလ်​၀င်​စာ​မေးပွဲတွင်​နတ်​​မောက်​မြို့နယ်​ရှိ​ကျောင်းသား​ကျောင်းသူ၄၄၁၆ဦးဝင်​​ရောက်​​ဖြေဆိုမည်



နတ်​​မောက်​              မတ်​ ၆

၂၀၁၈ခုနှစ်​တက္ကသိုလ်​၀င်​စာ​မေးပွဲတွင်​မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​အတွင်းရှိ​ကျောင်းသား​ကျောင်းသူစုစု​ပေါင်း၄၄၁၆ဦးဝင်​​ရောက်​​ဖြေဆိုမည်​ဖြစ်​​ကြောင်းသိရသည်​။

နတ်​​မောက်​မြို့နယ်​တွင်​တက္ကသိုလ်​၀င်​စာ​မေးပွဲကိုစာစစ်​ဌာနများဖြစ်​သည့်​နတ်​​မောက်​မြို့အ.ထ.က(၁)တွင်​စာစစ်​ဌာန(၂)ခု၊အ.ထ.က(၂)စာစစ်​ဌာနနှင့်​အ.ထ.က(၃)​အောင်​ဆန်းစာစစ်​ဌာနတို့ဖြစ်​ပြီးအ.ထ.က​ရွှေပန်း​တောစာစစ်​ဌာန၊အ.ထ.ကရွာမွန်​စာစစ်​ဌာန၊အ.ထ.ကစိုင်း​ကောင်းစာစစ်​ဌာနနှင့်​အ.ထ.ကအင်းကန်​စာစစ်​ဌာနစုစု​ပေါင်း(၈)​နေရာတို့တွင်​၂၀၁၈ခုနှစ်​တက္ကသိုလ်​၀င်​စာ​မေးပွဲကိုမတ်​လ(၇)ရက်​​နေ့၌မြန်​မာနိုင်​ငံတစ်​နိုင်​ငံလုံးတွင်​​ဖြေဆိုကြမည်​ဖြစ်​၍နတ်​​မောက်​မြို့နယ်​ရှိစာစစ်​ဌာနများအလိုက်​အတွင်း​ဖြေ၊အပြင်​​ဖြေ​ကျောင်းသား(၂၁၁၆)ဦးနှင့်​​ကျောင်းသူ(၂၃၀၀)ဦးစုစု​ပေါင်း(၄၄၁၆)ဦးတို့ဝင်​​ရောက်​​ဖြေဆိုကြမည်​ဖြစ်​​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment