မောက် ဖေဖေါ်ဝါရီ ၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ကုလားရှင်ကျေးရွာတွင်ခေတ်သစ်လယ်ယာကုမ္ပဏီလီမိတက်ဂျပန် YANMAR ထွန်စက်များသုံးစွဲပုံနှင့်ပြုပြင်ထိန်းသိမ်းမှုလက်တွေ့သရုပ်ပြသပွဲကိုဖေဖေါ်ဝါရီ၇ရက်နံနက်၉နာရီ၃၀မီနစ်တွင်တောင်သူဦးဥာဏ်လှ၏ယာကွက်တွင်သရုပ်ပြသခဲ့သည်။
အခမ်းအနားတွင်မကွေးတိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာဦးဝင်းဇော်ကအဖွင့်အမှာစကားပြောကြားပြီးခေတ်သစ်လယ်ယာကုမ္ပဏီလီမိတက်အရောင်းတာဝန်ခံမန်နေဂျာဦးအောင်ဇော်လတ်ကကျေးဇူးရှင်တောင်သူလယ်သမားများအိမ်တိုင်းလူတိုင်းထွန်စက်များဝယ်ယူအသုံးပြုနိုင်ရန်ခေတ်သစ်လယ်ယာထွန်စက်များအကြောင်းသိကောင်းစရာများနှင့်လယ်ယာထွန်စက်ဝယ်ယူသူတိုင်းခြောက်လအာမခံဖြင့်၍၀ယ်ယူသူများစိတ်တိုင်းကြဖြစ်စေရန်ပြောကြားခြင်းနှင့်ဂျပန် Yanmar အထွေထွေအရောင်းမန်နေဂျာမစ္စတာဆာကျိုးကခေတ်သစ်လယ်ယာကုမ္ပဏီလီမိတက်အကြောင်းနှင့် Yanmar ကုမ္ပဏီစက်ပစ္စည်းများအကြောင်းသိကောင်းစရာများကိုပြောကြားခဲ့သည်။ထို့နောက် Yanmar ထွန်စက်ဝယ်ယူသူကုလားရှင်ကျေးရွာတောင်သူဦးဥာဏ်လှက Yanmar ထွန်စက်ဝယ်ရာတွင်မိမိတို့ကျေးရွာများတွင်လက်မှုလယ်ယာမှစက်မှုလယ်ယာများကူးပြောင်းနိုင်ရန်ပညာပေးသိကောင်းစရာများကိုပြောကြားခဲ့သည်။ဆက်လက်၍တက်ရောက်လာကြသည့်တောင်သူများရှေ့တွင်ခေတ်သစ်လယ်ယာဂျပန် Yanmar ထွန်စက်များဖြင့်တောင်သူဦးဥာဏ်လှ၏ယာကွက်အားလက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)
0 comments:
Post a Comment