ငဖဲ ဖေဖော်ဝါရီ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်
ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်းများအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်
နိုင်ငံတော်ထောက်ပံ့ငွေမှ ကျေးရွာ(၁)ရွာလျှင် ငွေကျပ်(၁၀)သန်းစီ
ထောက်ပံ့ပေးလျှက်ရှိရာ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် ငဖဲမြို့နယ်အတွင်း
ကျောင်းကုန်းကျေးရွာ (၁)ရွာသာလျှင် (Pilot Project) ဆောင်ရွက်ရသည်ဖြစ်၍
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း အောင်မြင်စွာ
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်
ကျေးရွာကော်မတီရွေးချယ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂)ရက်နေ့
နေ့လည်(၁၄၀၀)နာရီအချိန်တွင် ကျောင်းကုန်းကျေးရွာ
ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့
ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့၊ ကျောင်းကုန်းကျေးရွာသူ/သား(၁၀၀)ဦးတို့
တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် မြို့နယ်ဦးစီးမှူးမှ
စီမံကိန်း၏ရည်ရွယ်ချက်များ၊ ကော်မတီရွေးချယ်ရာတွင်
လိုက်နာရမည့်အချက်များ၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်
ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး
ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်း၍
ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန်နှင့်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်သူများ ပူးပေါင်းဆောင်ရွက်ရန်
ရှင်းလင်းပြောကြာခဲ့ပြီး ကျေးရွာသူ/သားများမှ
ကျေးရွာဖွံ့ဖြိုးရေးကော်မတီများ ရွေးချယ်ခဲ့ကြပါသည်။
ဦးယုနိုင်လင်း
0 comments:
Post a Comment