ပခုက္ကူ ဖေဖော်ဝါရီ ၁၅
Mister&Miss Culture World Pakokku
Region 2018 Grand Final ပြိုင်ပွဲကို ပခုက္ကူမြို့
သီဟိုဠ်ရှင်ခန်းမ၌ဖေဖော်ဝါရီလ၁၅ရက်ညနေ၆နာရီအချိန်ကကျင်းပသည်။
ရှေးဦးစွာ Mister&Miss ပြိုင်ပွဲများသည် ညနေခင်းဝတ်စုံများနှင့်မြန်မာ့ရိုးရာဝတ်စုံများဖြင့်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်များအားအကဲဖြတ်ဒိုင်လူကြီးများ၏အမှတ်ပေးမှုဖြင့်Miter&Miss များအလိုက် Culture World Pakokku Region 2018 ဆုများဖြစ်သော Best Intelligent , Best Confident, Best Catwalk, People Choice, Best Smile, Best Body, Best Photogenic ဆုများအားပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ Misterနှင့် Miss များမှ အကောင်းဆုံး(၄)ဦးစီရွေးချယ်ကာ မေးခွန်းမေးမြန်းမှုများအပေါ်ဖြေကြားနိုင်မှုဖြင့် အမှတ်ပေးရွေးချယ်ကြရာ Mister Culture Word Pakokku Region 2018 Winner ဆုကို ခါးနံပါတ်(၅) သန်းစိုးဝင်းနှင့် Miss Culture Word Pakokku Region 2018 Winnerဆုကိုခါးနံပါတ်(၁၅)စုပိုမိုထက်တို့ကအသီးသီးရရှိကြပြီးတာဝန်ရှိသူများဆုများအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထိုပြိုင်ပွဲတွင် Miss Universe 2017 အိမ့်သက်မှူးနှင့်မန္တလေး၊ပုဂံ၊မိုးကုတ်၊ပခုက္ကူစသည့်မြို့နယ်များက
အကဲဖြတ်ဒိုင်လူကြီးများအဖြစ်တာဝန်ယူဆောင်ရွက်ကြပြီး
နှင်းသီရိ(မင်္ဂလာဝတ်စုံနှင့်ပိုးထည်တိုက်၊ မန္တလေးမြို့)၊
မြတ်ပန်းသခင်(မင်္ဂလာဝတ်စုံနှင့်ပိုးထည်တိုက်၊ရန်ကုန်မြို့)၊
လှကမ္ဘာမိတ်ကပ်ဝေဖြိုး(ပခုက္ကူမြို့)၊ ရိုးမဟိုတယ် (ပခုက္ကူ)၊ Men Wear
Fashion(မန္တလေး)၊ Designer အိအိအောင်(ပခုက္ကူ)၊ မြပန်းချီ(အဆင့်မြင့်မန္တလေးဖိနပ်)
ရွှေလပြည့်(လက်ဝတ်ရတနာ၊ပခုက္ကူ)နှင့် Union Photography (ပခုက္ကူ)တို့မှ စပွန်ဆာပေးကြကြောင်း Mister& Miss Culture
World Pakokku Region 2018 city Director အောင်ပိုင်စိုး၏ပြောကြားချက်အရသိရသည်။
အဆိုပါပြိုင်ပွဲတွင် ဌာနဆိုင်ရာများ၊
စပွန်ဆာများ၊ Mister&Miss
Culture World Pakokku Region 2018 Grand Final အကဲဖြတ်ဒိုင်လူကြီးများ၊
ပြိုင်ပွဲဝင်သူများနှင့်မိဘများ၊ ပခုက္ကူတက္ကသိုလ်ကျောင်းသား/သူများ၊ အနုပညာစိတ်ဝင်စားသည့်ပြည်သူများ
တက်ရောက်ကြကြောင်းသိရသည်။
ဆလိုင်းကိုကီး
0 comments:
Post a Comment