Thursday, February 8, 2018

ပြည်ထောင်စုနေ့အကြို မူလတန်း(KG)ကလေးများ၏ စွမ်းရည်ပြိုင်ပွဲကျင်းပ




မင်းဘူး        ဖေဖော်ဝါရီ   
          မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် မူလတန်းကြို (KG) ကလေးများ၏ စွမ်းရည်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
          ကလေးသူငယ်များ ဗဟုသုတဖွံ့ဖြိုးစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ စာကြည့်တိုက် နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ပထမရက်တွင် မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက်၊ သီရီမင်္ဂလာကျောင်းမှ (KG) ကျောင်းသား/သူ (၂၁) ဦးတို့က "ဆေးရောင်လှလှခြယ်ကြမယ်ခေါင်းစဉ်" ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဒုတိယရက် တွင် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဂေါ်လီဇွန်းကိုက်သယ်ယူပြိုင်ပွဲနှင့် နှစ်ယောက်တစ်တွဲ ပူစီဖောင်း သယ်ယူပြိုင်ပွဲများကို မင်းဘူးခရိုင် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
          အဆိုပါ ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား မင်းဘူးခရိုင် ပြန်/ဆက် ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲဝင် ကျောင်းသား/သူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment