ပခုက္ကူ ဖေဖော်ဝါရီ
၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌
ကျေးလက်နေပြည်သူများအကျိုးဖြစ်ထွန်းစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ (Job Fair 2018)
ပြပွဲဖွင့်ပွဲကိုဖေဖော်ဝါရီလ ၁၈ရက် နံနက် ၉နာရီအချိန်က ကျင်းပ သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး
ဦးကံစောလှိုင်က ကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။ ထို့နောက် ပခုက္ကူမြို့၏အလုပ်အကိုင်အခွင့်အလမ်းပြပွဲကိုမကွေးတိုင်းဒေသကြီး၊အလုပ်သမား
ညွှန်ကြားရေးမှူးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်၊ ပခုက္ကူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး
ဦးကံစောလှိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ထို့နောက် ပခုက္ကူမြို့၏အလုပ်အကိုင်အခွင့်အလမ်းပြသမှုများအား
လိုက်လံကြည့်ရှုလေ့လာကြသည်။ အဆိုပါအလုပ်အကိုင်အခွင့်အလမ်းများပြသကျင်းပခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ
အလုပ်အကိုင်နေရာကောင်း ဖန်တီးပေးနိုင်သောလုပ်ငန်းများနှင့် အလုပ်အကိုင်ကောင်းများရရှိရန်ရှာဖွေနေသောအရည်အချင်းရှိ
လူငယ်များကို တစ်နေရာတည်းတွင် တိုက်ရိုက်တွေ့ဆုံပေးခြင်း၊
ပြည်တွင်းရှိ အလုပ်ရှာဖွေနေသော လူငယ်လူရွယ်များအတွက် လုပ်ငန်းများတွင်လစ်လပ်လျှက်ရှိသော နေရာများ၌ မိမိနှင့်သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များရရှိကြစေ
ရန် အချိန်ကုန်ငွေကုန်သက်သာစွာဖြင့် တစ်နေရာတည်းတွင်ဝန်ဆောင်မှုကုန်ကျစရိတ်မရှိဘဲ ကုမ္ပဏီများနှင့်တွေ့ဆုံ
ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း၊ဌာနအနေနဲ့လုပ်ငန်းခွင်အေးချမ်းသာယာရေး၊အလုပ်အကိုင်နေရာချထားရေး၊လုပ်သားများကျွမ်းကျင်မှုလေ့ကျင့်ပေးရေး၊ဥပဒေပါအကျိုးခံစားခွင့်များရရှိရေးနှင့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းစင်းရေးစသည့်ရည်မှန်းချက်များဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာနယ်မြေအလိုက် အလုပ်အကိုင် အသစ်များရရှိရန်နှင့်
အလုပ်သမားခေါ်ယူလိုသောလုပ်ငန်းရှင်များကို ကျွမ်းကျင်ပြီးအရည်အချင်းရှိတဲ့ လုပ်သားများ
ရရှိရန်အတွက် အလုပ်အကိုင်နှင့်အလုပ်သမားများရှာဖွေရေးရုံးများသာမကအလုပ်သမားရုံးဖွင့်လှစ်ခြင်းမရှိသေး
သောနယ်မြေဒေသတွင်း Mobile Teamဖြင့်ကွင်းဆင်း၍ အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အလုပ်များရရှိရန်
ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်ရှာဖွေသူများအားကုန်ကျစရိတ်နှင့်အချိန်ကုန်သက်သာပြီး အလုပ်အကိုင်အခွင့်
အလမ်းသစ်များရရှိအောင်ဆောင် ရွက်ပေးလျက်ရှိကြောင်း၊အလုပ်အကိုင်ရှာဖွေသူများအား အချိန်တိုအတွင်း
အလုပ်အကိုင်အခွင့်အလမ်းများဝင် ရောက်ကြည့်ရှုနိုင်တဲ့Websiteလွှင့်တင်ပေးလျက်ရှိကြောင်း၊
လယ်ယာစိုက်ပျိုး ရေးလုပ်သားဘဝမှပြည်ပလုပ်သားဘဝသို့ကူးပြောင်းလုပ်ကိုင်ရာတွင် အသိပညာနည်းပါးခြင်း၊ပွဲစားများ၏ မလိုလား
အပ်သည့်ခေါင်းပုံဖြတ်အမြတ်စားမှုများကြုံတွေ့ရခြင်း၊ အဆပေါင်းများစွာဝန်ဆောင်ခများပေးနေရခြင်း၊
ငွေပေးပြီး မသွားရဘဲအလိမ်ခံရခြင်းများရှိနေခြင်းကြောင့်ယခုပြပွဲတွင်ပြည်ပအေဂျင်စီများဖိတ်ခေါ်ရခြင်းဖြစ်ကြောင်းမကွေး တိုင်းဒေသကြီး၊ အလုပ်သမားညွှန် ကြားရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်ကပြောကြားသည်။ထို့အပြင် “ယခုလိုအလုပ်အကိုင်အခွင့်အလမ်းများပြပွဲပြုလုပ်ရခြင်းကြောင့်
ပြည်တွင်း/ပြည်ပကအလုပ်အကိုင်အခွင့်အလမ်း ဆိုင်ရာအေဂျင်စီတွေနဲ့တွေ့ခွင့်ရပြီးအလုပ်အကိုင်အခွင့်အလမ်းများစွာထဲကမှ
မိမိလုပ်ကိုင်ချင်သောအလုပ်အကိုင် ကိုတစ်နေရာတည်းတွင်ရွေးချယ်လျှောက်ထားနိုင်ကြောင်း၊ကျေးရွာ/ရပ်ကွက်မှာရှိနေကြတဲ့အလုပ်လက်မဲ့ပြည်သူ
များအတွက်လည်းတကယ့်အကျိုးဖြစ်ထွန်းစေမည့်ပြပွဲကြီးတစ်ခုဖြစ်ကြောင်း၊ ယခုလိုတစ်နေရာတည်းတွင်
အလုပ် အကိုင်ကိုရှာဖွေရယူနိုင် သောကြောင့်အလွန်ကိုအံ့သြပြီးပျော်ရွှင်ရပါကြောင်း” ပြပွဲလာရောက်လေ့လာသူ
ပခုက္ကူမြို့၊ Action Aid Myanmarမှစီမံချက်တာဝန်ခံ ဒေါ်နွယ်နွယ်လှိုင်က ပြောပြသည်။
ထိုအလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင်
Agile Manpower Services Co.,Ltd (ပြည်တွင်း/ပြည်ပအလုပ် အကိုင်ရှာဖွေရေးကုမ္ပဏီလီမိတက်)၊GREEN
OASIS Co.,LTD(ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ)၊ ဖူးပြည့် သော်ကုမ္ပဏီလီမိတက်(ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ)၊
Myanmar Worker (Management Services Co.,Ltd(ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ)၊
ကြယ်စင်မြင့်မြတ်အောင်ကုမ္ပဏီလီမိတက်(ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ)၊အာရှလုပ်သားဝန်ဆောင်မှုကုမ္ပဏီ(ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ၊G-ရွှေပင်လယ်
(ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ)၊သန်းသန်း(ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ)၊
ထူးသစ်ဇေ (ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ)၊
Hein Myint Myant Co.,Ltd(ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ)၊ Swimming Pool ကုမ္ပဏီ၊
GBSဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီလီမိတက်၊ စွမ်းအားတံခွန်ဝန်ဆောင်မှုကုမ္ပဏီ လီမိတက်၊စိန်စိုးစံကုမ္ပဏီလီမိတက်-3
Seasons Furniture (သစ်အချောထည်စက်ရုံ)၊ PPT-Oversea Enployment Agency ၊
NAT&4Travel&Tour Co.,LTD၊ Aye Lin Let HtutCo.,Ltd၊ AAM (All Accces
Myanmar)၊ တင်ဝင်းထွန်းထုတ်လုပ်မှုကုမ္ပဏီလီမိတက်၊ သစ်အခြေခံစက်ရုံ(ပခုက္ကူ)၊ Snow
Mountain ရေသန့်၊ Pakokku Star Group Co.,Ltd၊ Yuan Fend Myanmar Co.,Ltd၊ Myanmar
Magic Link Co.,Ltd စသည့် အေဂျင်စီတို့ကလာရောက်ပြသပေးလျက်ရှိပြီးအလုပ်သမားဝန်ကြီးဌာနမှချမှတ်ထားသည့်
စည်းကမ်းများနှင့်အညီ ထိုင်း၊မလေးရှား၊စင်္ကာပူ၊ဂျပန်၊မကာအို စသည့်နိုင်ငံများသို့သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများအဖြစ် စက်ရုံ၊အလုပ်ရုံများ၊ စားသောက်ဆိုင်နှင့်ဝန်ဆောင်မှုလုပ်ငန်း၊
အထည် ချုပ်၊ ကွန်ကရစ်၊ပိုက်လွတ်စက်ရုံ၊မျက်နှာချပ် ကျောက်ပြားထုတ်စက်ရုံ၊ ခြင်ဆေးခွေထုတ်စက်ရုံ၊
ပင်လယ်စာစက်ရုံ၊ သစ်ချောထည်လုပ်ငန်း၊လျှပ်စစ်ကျွမ်းကျင်လုပ်သား၊ဝရိန်လုပ်သားများနှင့်အခြားစက်ရုံအမျိုးမျိုးတို့တွင်
သွားရောက် လုပ်ကိုင်ခွင့်ရမည်ဖြစ်ပြီးပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများအဖြစ်ကုမ္ပဏီများ၊
အထည်ချုပ်နှင့်စက်ရုံ အလုပ်ရုံ မျိုးစုံ၊ ဆောက်လုပ်ရေး၊ဟိုတယ်များ၊စားသောက်ဆိုင်၊
အရောင်းစာရေး၊ သန့်ရှင်းရေး၊လုံခြုံရေးနှင့်
ကားမောင်း လုပ် ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအလုပ်အကိုင်အခွင့်အလမ်းများပြပွဲသို့
မကွေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်၊
ပခုက္ကူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်နှင့်မြို့နယ်အဆင့်
ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပအလုပ်အကိုင်ဆိုင်ရာကုမ္ပဏီများမှတာဝန်ရှိသူများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ အလုပ်အကိုင်အခွင့်အလမ်းသစ်ရှာဖွေသူများတက်ရောက်ကြကြောင်းသိရသည်။
ဆလိုင်းကိုကီး
0 comments:
Post a Comment