Saturday, February 3, 2018

e-Government လုပ်ငန်းများအထောက်အကူပြု သင်တန်းကျောင်း ဖွင့်လှစ်




မကွေး       ဖေဖော်ဝါရီလ      
မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ အမှတ် ၁ လမ်းရှိ e-Government သင်တန်းကျောင်းတွင်  ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀နာရီအချိန်က e-Government လုပ်ငန်းများအထောက်အကူပြု သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ စီမံကိန်းဘဏ္ဍရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဇော်မင်း၊e-Government အကြံပေးပညာရှင် ဦးမြင့်ဆွေတို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှ သင်တန်းကျောင်းဆိုင်းဘုတ်အားအမွှေးနံသာရည်ပက်ဖြန်းပေးကာ တက်ရောက်လာသည့် ဧည်သည် တော်များနှင့်အတူ သင်တန်းကျောင်း အတွင်းလှည်လည်ကြည့်ရှုခဲ့ကြသည်။ 

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးဝေဇင်ထွန်းနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့်သင်တန်းသို့တက်ရောက်မည့် ဌာနပေါင်းစုံမှ သင်တန်းသား သင်တန်းသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment