Sunday, February 25, 2018

ဂန့်ဂေါခရိုင် ဆောမြို့တွင် ယင်လုံအိမ်သာ သုံးစွဲနိုင်ရေး ထောက်ပံ့




ဆော ဖေဖော်ဝါရီ ၂၃
          ဂန့်ဂေါခရိုင် ဆောမြို့တွင် ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက အိမ်သာခွက်များ ထောက်ပံ့ထားရာ အဆိုပါ နေအိမ်များအတွက် အိမ်သာခွက်များကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဌာန တို့ ပူးပေါင်း ပေးအပ်ကြသည်။
          ထောက်ပံ့ထားသည့် အိမ်သာခွက်များမှာ သီရိရပ်ကွက်အတွက် ၉၆ လုံးနှင့် ဇေယျာရပ်ကွက်အတွက် ၆၀ လုံးတို့ဖြစ်သည်။ အဓိက ပျက်စီးနေသည့်အိမ်သာခွက်များ အိမ်သာမရှိသည့် အိမ်ခြေများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ်က ကောက်ယူခဲ့သည့် စာရင်းအရ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
          “၁၇-၇-၂၀၁၇ ရက်က ကောက်ယူခဲ့တဲ့ စာရင်းအရ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်” ဟု မိခင်နှင့်ကလေး ကျန်းမာရေးဌာန တာဝန်ခံဆရာမ ဒေါ်အေးအေးသင်းက ပြောသည်။
          ထို့ပြင် ပြည်သူတို့၏ကျန်းမာရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး ၊ ပတ်ဝန်းကျင်သန့်ရှင်း ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်စေခြင်းတို့ကိုလည်း အဆိုပါ ပူးပေါင်းအဖွဲ့က ဟောပြောဆွေးနွေးခြင်း ၊ အသိပညာပေးခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
တောင်သားမောင်သန်း

0 comments:

Post a Comment