ပွင့်ဖြူ ဇန်နဝါရီ
၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်
ဥယျာဉ်ကျစ်ကျေးရွာအုပ်စု - ရှောက်တောကျေးရွာမှ ဒေသခံ ကျေးလက်နေပြည်သူများ စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင်
ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် လုပ်ငန်းရှင် များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့်
စားသောက်ကုန်ပစ္စည်းများ FDA မှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ
ပြုလုပ်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၃၀ ရက်၊ ယနေ့နံနက် ၁၀ နာရီက ခရိုင်စားသုံးသူရေးရာဦးစီးဌာန
ခရိုင်တာဝန်ခံ ဦးဝင်းမြင့်သောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ
ဦးအောင်ဖြိုးဝေတို့ ဦးဆောင်၍ ခရိုင်အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၊ ထွေအုပ်၊ စည်ပင်၊
မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ဆက်ဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်
ဈေးတာဝန်ခံများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ
ခရိုင်တာဝန်ခံ ဦးဝင်းမြင့်သောင်း၊ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဥယျာဉ်ကျစ်ကျေးရွာအုပ်စု
- ရှောက်တောကျေးရွာရှိ ဈေးနှင့် စားသောက်ကုန် ပစ္စည်းများ ရောင်းချလျက်ရှိသည့်ဈေးဆိုင်များသို့ သွားရောက်ပြီး စားသုံးသူ ဒေသခံကျေးလက်နေပြည်သူများ
ဘေးအန္တရာယ် ကင်းဝေးစေရေး သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ၊ FDA မှ သတ်မှတ်ထားသော
စည်းကမ်းချက် များနှင့် အညီ ထုတ်လုပ်ထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ ဟုတ် ၊
မဟုတ် ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သက်တမ်း လွန် စားသောက်ကုန်ပစ္စည်း တန်ဖိုးငွေကျပ်(၆၃၁၅၀)ခန့်
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့အပြင် လုပ်ငန်းရှင်များကို လည်း ယခုကဲ့သို့ သက်တမ်းလွန်
စားသောက်ကုန်ပစ္စည်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်
အညီ ထုတ်လုပ်ဖြန့်ဖြူရောင်းချနိုင်ရေး လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့
ကြောင်း သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)
0 comments:
Post a Comment