Tuesday, February 20, 2018

ပွင့်ဖြူမြို့နယ်၌ ၂၀၁၈ ခုနှစ်အတွက် (ပထမအကြိမ်) အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်လေလံရောင်းချပွဲ ကျင်းပပြုလုပ်

ပွင့်ဖြူ   ဖေဖော်ဝါရီ  ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈ ခုနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ(ပထအကြိမ်)ဈေးပြိုင်လေလံရောင်းချပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်၊ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် ၂၀၁၈ ခုနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ(ပထအကြိမ်)ဈေးပြိုင်လေလံရောင်းချပွဲ မပြုလုပ်မီ ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးအောင်မျိုးဆက်က အဖွင့်အမှာစကား ပြောကြားပြီး ၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းက ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးသွားမည့် လေလံစာရင်းများနှင့် စပ်လျဉ်း၍ လေလံဝယ်ယူသူများ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားပြီး၊ လေလံဝယ်ယူရန် လျှောက်ထားသူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ထို့နောက် လေလံရောင်းချရေးအဖွဲ့မှ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်အတွက် ပွင့်ဖြူမြို့နယ်အတွင်း ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချမည့် (အမဲ၊ ဝက်၊ ဆိတ်၊ ဈေးကောက်၊ ကူးတို့) လေလံစာရင်း စုစုပေါင်း(၈၀)ခုအား လေလံဝယ်ယူရန်လျှောက်ထားသူ(၃၀)ဦးထံ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပေးခဲ့ကြ သည်။ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈ ခုနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(ပထမအကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံရောင်ချပေးသည့် မြို့နယ်အတွင်း လေလံစာရင်းများမှာ  အမဲခုံ(၃၂)ခု၊ ဝက်ခုံ(၃၄)ခု၊ ဆိတ်ခုံ(၁၀)ခု၊ ဈေးကောက်(၃)ခု၊ ကူးတို့ (၁)ခု၊ စုစုပေါင်း (၈၀)ခု ရှိကြောင်း သိရသည်။ 

အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင် ဈေးပြိုင်လေလံရောင်းချပွဲ  အခမ်းအနားသို့ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးအောင်မျိုးဆက်နှင့် အဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အမှုဆောင်အရာရှိ ဦးမျိုးဝင်းနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဈေးပြိုင်စနစ်ဖြင့် လေလံဝယ်ယူရန်လျှောက်ထားသူ(၃၀)ဦးနှင့် လေလံရောင်းချ မှုအား စိတ်ဝင်စားသည့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။  ရဲဝင်းနိုင် (ညောင်ဦး)


0 comments:

Post a Comment