ဂန့်ဂေါ ဖေဖော်ဝါရီ ၂၄
တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး
ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီတွင် ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌
ပြုလုပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ကြည်က ရဲတပ်ဖွဲ့လုပ်ငန်းများတွင်
ပြည်သူများ ပူးပေါင်းပါဝင်ကြသဖြင့် မှုခင်းကျဆင်းရေးကိစ္စများ ဆောင်ရွက်ရာ၌ အောင်မြင်မှုများရှိပါကြောင်း
ဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးဝင်းထွဋ်၊ မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးစိုးစိုး ၊ ဂန့်ဂေါ မြို့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
လူမှုရေးအသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများတက်ရောက်ကြ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလတွင်
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ကြရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိစ္စများ၊
သစ်တော၊ သယံဇာတများထိန်းသိမ်းရေးတို့အပါအဝင် မှုခင်း ကျဆင်းရေးလုပ်ငန်းများ၌ အရှိန်အဟုန်မပျက်
ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။
စိန်ကျော်(ဝါးဘိုးချောင်)
0 comments:
Post a Comment