မကွေး ဖေဖော်ဝါရီ ၈
၂၀၁၈ ခုနှစ်(၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ
အခမ်း အနားကို ဖေဖော်ဝါရီ လ ၈ ရက်နေ့ နံနက် ၁၀ နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြိုဟောပြောပွဲတွင် မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာခင်မောင်ဦး
က အကြိုဟောပြောပွဲတွင် မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာခင်မောင်ဦး က အဖွင့်အမှာစကားပြောကြားပြီး
အငြိမ်းစား သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာအေးချမ်းမှ ပြည်ထောင်စုမြန်မာနိုင်ငံနှင့်အနောက်ဖက်နယ်ခြားပြဿနာ(၁၈၇၀-၂၀၁၇) ခေါင်းစဉ်ဖြင့်
ဟောပြောခဲ့ရာ မကွေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ အထူးစိတ်ပါဝင်စားလျက်ရှိ ကြောင်း သိရသည်။
ဟောပြောပွဲတွင် မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာခင်မောင်ဦးက
မကွေးတက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ၂၀၁၈ ခုနှစ်(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို
စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား ကျောင်းသူများအား ဆုအသီး သီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း
သိရသည်။`
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment