မင်းဘူး ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့်
မင်းဘူး(စကု)မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ နယ်လှည့်အသိပညာပေး ဟောပြောပွဲ နှင့်
နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လည် ၁နာရီအချိန်က ပက်ပယ်ကျေးရွာတွင်
ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ
ဟောပြောပွဲတွင် ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းမှ ရရှိသော
အကျိုးကျေးဇူးများနှင့် စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးရှင်သန်ရေးတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မင်းဘူး(စကု) မြို့နယ် စာရေးဆရာအသင်း၊ အတွင်းရေးမှူး ဦးမြလွင်မှ ’'ဘ၀နေနည်း''
ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပေးခဲ့ပြီး စာသုံးသူရေးရာဦးစီးဌာနမှ
မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်မှ စာသုံးသူအကာကွယ်ပေးရေး အသိပညာပေးခြင်းအနေဖြင့်
အစားအသောက်များမှ ဆိုးဆေးအန္တရာယ်၏ ဆိုးကြိုးများအကြောင်းကို ကျေးရွာသူ/သားများအား ဟောပြော
ခဲ့သည်။
ထို့နောက်
မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်မှ
မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး
နံရံကပ် စာစောင်များကို ပြသဟောပြောပြီး စာသုံးသူရေးရာဦးစီးဌာနမှ စာသုံးသူအကာကွယ်ပေးရေး
အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)
0 comments:
Post a Comment