မင်းဘူး ဖေဖော်ဝါရီ
၂၃
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊
မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်
မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၃ ရက်၊ ယနေ့နံနက် ၁၀ နာရီခွဲက မင်းဘူး(စကု)မြို့နယ် သီးကုန်းကျေးရွာအုပ်စု - ခရုကန်ကျေးရွာ
ဓမ္မာရုံသို့ သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို အသိပညာ ဗဟုသုတ ကြွယ်ဝစေရေး
နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကျန်းမာရေး စစ်ဆေးကုသမှုများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်
အသိပညာပေး ဟောပြောပွဲ မပြုလုပ်မီ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး
ဦးအောင်ကြည်ညွန့်နှင့် ဝန်ထမ်းများအဖွဲ့မှ ဒေသခံကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကျန်းမာရေး
စစ်ဆေးကုသမှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ဒေသခံ ကျေးလက်နေပြည်သူ(၈၀)ဦးကျော်ခန့်
လာရောက်၍ ကျန်းမာရေးစစ်ဆေးကုသမှုများ ခံယူခဲ့ကြောင်း သိရသည်။ ထို့နောက် အသိပညာပေး ဟောပြောပွဲကို
ဆက်လက်ကျင်းပရာ မင်းဘူး(စကု)မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ဦးမြလွင်က "ဘဝနေနည်း"
ခေါင်းစဉ်ဖြင့် ပညာပေးရှင်းလင်း ဆွေးနွေး ပြောကြားပြီး ၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးက ကျေးလက်နေပြည်သူများ စာဖတ်ခြင်းဖြင့် ရရှိသည့်စာပေအကျိုးကျေးဇူးများအကြောင်းနှင့်
ကျေးရွာရှိ စာကြည့်တိုက်အား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသခံရပ်မိရပ်ဖများမှ ဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ
မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်က ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သက်၍
ဘေးဥပါတ်အန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်ရှောင်ရန်အချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး၊
တက်ရောက်လာသည့်ရပ်မိ ရပ်ဖများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို
ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ဆက်ဦးစီးမှူး
ဒေါ်ခင်ဝါဝါလှိုင်က သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်
မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်းကို အသိပညာပေး ဟောပြောဆောင်ရွက်ပြီး၊
နံရံကပ်စာစောင်၊ ဓာတ်ပုံမှတ်တမ်း များကို ရှင်းလင်းပြသဆောင်ရွက်ခဲ့ရာ တက်ရောက်လာသည့်ရပ်မိရပ်ဖများနှင့်
ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)
0 comments:
Post a Comment