Thursday, February 8, 2018

ပုပ္ပားတောင်ကလပ် ကေဘယ်လ်ကားစီမံကိန်းကို ဒေသခံများကန့်ကွက်ကြောင်း ဝန်ကြီးချုပ်ထံ စာတင်

ပုပ္ပား၊ ဖေဖော်ဝါရီ ၇

ပုပ္ပားတောင်ကလပ်၌ အိန္ဒိယအခြေစိုက်ကုမ္ပဏီ Damodar Ropeways & Infar Limited မှ သွယ်တန်းတပ် ဆင်မည့် ကောင်းကင်ကေဘယ်လ်ကားစီမံကိန်းကို
ကန့်ကွက်ကြောင်း ဒေသခံ ၄၀၀ ကျော်ပါဝင်လက်မှတ်ထိုး ထားသည့်စာကို မန္တလေးတိုင်းဝန်ကြီးချုပ်ထံ ဖေဖော်ဝါရီ ၇ ရက်က ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ဒေသခံတွေက ဒီလုပ်ငန်းမပေါ်ပေါက်နိုင်အောင် ကန့်ကွက်မှာပါ။ အသက် ၁၈ နှစ်ပြည့်ပြီးသူ
တွေ အကုန်လုံး လက်မှတ်ရေးထိုးပြီး တင်ထားတယ်” ဟု ယင်းကန့်ကွက်စာကို ကိုယ်တိုင်သွားရောက်ပေးပို့ ခဲ့သူ ပုပ္ပားကျေးရွာအုပ်စု၊ တောင်ကလပ်ကျေးရွာမှ ရပ်မိရပ်ဖဦးအောင်ကျော်စိုးက ပြောကြားသည်။
ယင်းကန့်ကွက်စာတွင် ကေဘယ်လ်ကားတပ်ဆင်ပါက အထင်ကရ ပုပ္ပားတောင်၏ သဘာဝအလှတရားများ
ပျောက်ပျက်သွားမည့်အပြင် ပုပ္ပားတောင်ကိုမှီ၍ လုပ်ကိုင်စားသောက်နေကြသည် ဒေသခံများအပေါ် ကြီးမား စွာထိခိုက်စေနိုင်သဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ တောင်ပေါ်တက်ရောက်ရာတွင် ဘုရားစောင်းတန်းများမှ မတက်
ရောက်ဘဲ ကေဘယ်လ်ကားများဖြင့် တိုက်ရိုက်တက်ရောက်ပါက ဈေးသည်များ၏ စားဝတ်နေရေး ကြီးမားစွာ ထိခိုက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။ 
ပုပ္ပားတောင်ကလပ်မှ မျောက်စာရောင်းချသည့်ဈေးသည်တစ်ဦးဖြစ်သူ မစုစုလှိုင် “ကေဘယ်လ်ကြိုးတပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေသခံတွေအားလုံးကလည်း မကျေနပ်ဘူး။ စားဝတ်နေရေး၊ လူမှုရေး အစစအရာရာ  ဒီတောင်ကြီးကို မှီခိုပြီးစားသောက်နေရတာ” ဟု ဆိုသည်။
ပုပ္ပားကျေးရွာအုပ်စုရှိ ပုပ္ပား၊ တောင်ကလပ်၊ တောဇနှင့် သံဘိုချောင်းဖျားကျေးရွာများမှ ဒေသခံ ၅၀၀၀ နီးပါးမှာ ပုပ္ပားတောင်ကို အမှီပြု၍ လုပ်ကိုင်စားသောက်နေရကြောင်း တောင်ကလပ်ကျေးရွာမှ ရာအိမ်မှူး ဦးဇော်မင်းဦး က ဆိုသည်။
ပုပ္ပားတောင်ချစ်သူများအသင်းမှ ဒုတိယဥက္ကဌဦးတိုးက ကေဘယ်ကားစီမံကိန်းအကောင်အထည်မဖော်မီ ပတ်
ဝန်းနှင့် လူမှုစီးပွားထိခိုက်နစ်နာမှုဆိုင်ရာစစ်တမ်း (EIA၊ SIA) ပြုလုပ်ပြီး ရလဒ်ကို ဒေသခံများအား အသိပေးရန် လိုအပ်သည်ဟု ပြောသည်။
ပုပ္ပားတောင်ကလပ်ဂေါပကအဖွဲ့အတွင်းရေးမှူးဦးသက်က ပုပ္ပားတောင်စည်ကားသိုက်မြိုက်ရေးအတွက် ကေ ဘယ်လ်ကားသွယ်တန်းစေချင်သော်လည်း ဒေသခံများကျေနပ်မှုမရှိပါက မလုပ်စေချင်ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ အတွင်းရေးမှူး ဦးသန်းထွန်းက မီးကျောက်တောင်ကျောက်တုံးကြီးများ သဘာဝ အတိုင်းစေးကပ်တွဲဆက်နေသည့် ပုပ္ပားတောင်ကလပ်တွင် ကောင်းကင်ကေဘယ်လ်ကြိုးများသွယ်တန်းပါက တောင်ခြေ၌ မြေမြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေမည်ဟု ရှင်းပြသည်။
“ဒါကြီးပြိုဆင်းသွားရင်တော့ သမိုင်းတာဝန် တရားခံတော့ဖြစ်တော့မှာပဲ။ အခုလောလောဆယ် ပိုက်ဆံရတာပဲ သွားမြင်လို့တော့ မရဘူး။ အကြီးအကျယ်ဒုက္ခရောက်နိုင်တယ်” ဟု ၄င်းကဆိုသည်။
ပုပ္ပားတောင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ (Mount Popa UNESO Global Geopark)ဖြစ် 
မြောက်ရေးအတွက် ရှေ့ပြေးသုတေသနလုပ်ငန်းများကို ၂၀၁၆၊ ဒီဇင်ဘာမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နေနိုင်(ချောက်) ကလောင်

0 comments:

Post a Comment