Thursday, February 8, 2018

မင်းဘူး(စကု)မြို့နယ်တွင် အုတ်ဝယ်အသုံးပြုသူပေါများခြင်းကြောင့် အုတ်ဖုတ်လုပ်ငန်းရှင်များနှင့် နေ့စားအလုပ်သမားများ လုပ်ငန်းအဆင်ပြေ ။

မင်းဘူး  ဖေဖော်ဝါရီ  ၈

မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမြို့နှင့် မင်းဘူး(စကု)မြို့နယ်တို့တွင် နေအိမ်အဆောက်အအုံများ ဆောက်လုပ် ရန်နှင့် အိမ်ဝန်းခြံစည်းရိုး အုတ်တံတိုင်းပြုလုပ်ရန်အတွက် အုတ်များဝယ်ယူအသုံးပြုသူ ပေါများနေသည့်အတွက် နေ့စား အလုပ်သမား များကို ငှားရမ်းပြီး အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်ကြသူများ စီးပွားရေးတွက်ချေကိုက်နေကြကြောင်း သိရပြီး၊ အဆိုပါ အုတ်ဖုတ်လုပ် ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ကြသည့် နေ့စားအလုပ်သမားများအတွက်လည်း နေ့စဉ် မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေနေကြကြောင်း မင်းဘူး(စကု)မြို့နယ် ရွာသစ်ကုန်းကျေးရွာအနီး အုတ်ဖုတ်လုပ်ငန်းခွင်မှ နေ့စားအလုပ်သမားများထံမှ သိရသည်။ 

“ ကျွန်တော်တို့က အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေ မဟုတ်ပါဘူးဗျာ့။ မိသားစုအပိုဝင်ငွေရအောင် နေ့စား ဝင်လုပ်နေတဲ့ အလုပ်သမားတွေပါ။ ကျွန်တော်တို့လုပ်ငန်းရှင်က မကွေးမြို့ကပါ ၊ အခုတလော အုတ်အရောင်းအဝယ်လုပ်ငန်းက အဆင်ပြေပါတယ်။ မိုးတွင်းကာလ မဟုတ်တော့ နေအိမ်အဆောက်အအုံတွေ၊ ဟိုတယ်၊ မိုတယ်တွေနဲ့ နေအိမ်ဝန်းခြံစည်းရိုး အုတ်တံတိုင်းကာရန်ခြင်းလုပ်ငန်း ပြုလုပ်တဲ့သူတွေ များလာတာကြောင့် အရောင်းအဝယ် ကောင်းပါတယ်ဗျာ့။ အုတ်ဈေးကတော့ ဖိုအရောက်လာဝယ်ရင် ကားပေါ်အုတ်တင်ပြီး အုတ်(၁)ချပ်ကို (၇၀)ကျပ်နဲ့ ရောင်းပေးပါတယ်၊ အရောက်ပို့စနစ်ကတော့ ခရီးအကွာ အဝေးပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့ အုတ်ဖိုမှာ အုတ်မီးဖုတ်တဲ့ဖိုက(၃၊ ၄)ဖိုလောက် ရှိပါတယ်။ တစ်ဖိုနဲ့ တစ်ဖိုကတော့ အုတ်မီးဖုတ်တာတွေ မတူပါဘူး။ တစ်ချို့ ဖိုက အုတ်အချပ်ရေ ရှစ်ထောင် ၊ တစ်သောင်းခန့်သာ မီးဖုတ်နိုင်ပြီး၊ တစ်ချို့ဖိုကျတော့ အုတ်အချပ်ရေ နှစ်သောင်းခန့်အထိ မီးဖုတ်လို့ရပါတယ်။ အုတ်ဖုတ်ရာမှာ အသုံးပြုတဲ့ လောင်စာတွေကတော့ ထင်းနဲ့ စပါးခွံတွေကို အသုံးများပါတယ်။ ခုအချိန်က ကျွန်တော်တို့မြို့နယ်မှာ စပါးပေါ်ချိန် ဖြစ်တာကြောင့် စပါးစိုက်တဲ့လယ်သမားတွေဆီကနေ စပါးခွံက အလကား သွားယူလို့ရပါတယ်။ သူတို့တွေကလည်း နွေရာသီကာလ မီးရေး၊ ထင်းရေး အခက်ကြုံမှာစိုးရိမ်လို့ ယူသုံးခိုင်းပါတယ်။ စပါးခွံမရှိတဲ့အချိန်တွေမှာတော့ ထင်းဝယ်ပြီး မီးဖုတ်ရပါတယ်။ အခုလို တောင်သူတွေ စပါးပေါ်ချိန် အုတ်ဖုတ်လုပ်ငန်းခွင်အတွက် အသုံးပြုရန်လောင်စာ စပါးခွံ အလကားရရှိတဲ့အတွက် လောင်စာဖိုးသက်သာတဲ့အပြင် ပွင့်လင်းရာသီချိန်ဖြစ်လို့ လူနေအိမ် အဆောက် အအုံ၊ ဟိုတယ်၊ မိုတယ်များနှင့် နေအိမ်ခြံစည်းရိုး အုတ်တံတိုင်းခတ်ဖို့ရန်အတွက် အုတ်ဝယ်ယူအသုံးပြုသူများတဲ့အတွက် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ကြတဲ့လုပ်ငန်းရှင်တွေ စီးပွားရေးတွက်ချေကိုက်တဲ့အပြင် ကျွန်တော်တို့လို မိသားစုအပိုဝင်ငွေရရှိရေး နေ့စားဝင်လုပ်တဲ့ အလုပ်သမားတွေအတွက်လည်း လုပ်ငန်းအဆင်ပြေပါတယ်” ဟု အဆိုပါ အုတ်ဖုတ်လုပ်ငန်းခွင်မှ နေ့စားအလုပ် လုပ်ကိုင်သည့် အမျိုးသားတစ်ဦးက ပြောပြ၍ သိရသည်။    ရဲဝင်းနိုင် (ညောင်ဥ


0 comments:

Post a Comment