Sunday, February 4, 2018

မြန်မာ့အာမခံလုပ်ငန်းမှ အသိပညာပေးဟောပြောပွဲ

မကွေး     ဖေဖော်ဝါရီ    
          မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက  မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော အာမခံခံလုပ်ငန်းများနှင့် ပတ်သက်၍  ပြည်သူများသို့ အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အသိပညာပေး ဟောပြောပွဲတွင် တိုင်းဒေသကြီးတာဝန်ခံက မြန်မာ့အာမခံလုပ်ငန်း၏ ရည်ရွယ်ချက်နှင့်ဆောင်ရွက်လျက်ရှိသော အာမခံလုပ်ငန်းများအကြောင်းကို အမှာစကားပြောကြားပြီး ပြည်သူ့ဝန်ထမ်းအသက်အာမခံနှင့်ပတ်သက်၍  အသက်အာမခံဆိုင်ရာများ၊ အသက်အာမခံထားရှိ ခြင်းအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့်အကျိုးခံစားခွင့်များ အကြောင်းတို့အား အသိပညာပေး အကျယ်တ၀င့် ရှင်းလင်းပြောကြားရာ  မင်းဘူးမြို့နယ်မှ ပညာရေးဝန်ထမ်း(၁၂၀)ဦးတို့ တက်ရောက် ခဲ့ပြီး ၀န်ထမ်းများ၏ သိရှိလိုသော မေးမြန်းမှုများအား ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။ 

          အသက်အာမခံလုပ်ငန်းနှင့်ပတ်သက်၍ အသက်အာမခံဆိုသည်မှာ  လူအသက်အတွက် ထားရှိသော အာမခံစာချုပ်အရ အာမခံငွေ ထုတ်ပေးရန် တာဝန်ယူခြင်းဖြစ်ပြီး အသက်အာမခံ ထားခြင်းဖြင့် ငွေစုဆောင်းတတ်သော အလေ့ အကျင့်ကောင်းရရှိခြင်း၊ အစိုးရအား ပေးဆပ်ရန်ရှိသော ကြွေးမြီမှတစ်ပါး အခြားကြွေးမြီများအတွက် ၀ရမ်းမကပ်နိုင်ခြင်း၊ ၀င်ငွေခွန်သက်သာခွင့်ရခြင်း၊ ငွေချေးယူခွင့်ရှိခြင်း၊ ကျန်ရစ်သူမိသားစုအတွက် ငွေကြေးအထောက်အပံ့ ရရှိနိုင်ခြင်း၊ အလီလီ စုဆောင်းခဲ့သော အာမခံငွေများ နှစ်စေ့လျှင် တစ်လုံး တစ်ခဲတည်း ထုတ်ယူနိုင်ခြင်းနှင့် ပြည်သူ ပြည်သားများက အလီလီစုဆောင်းထားသောငွေကို အခြားလိုအပ်သည့် နေရာများတွင် ထပ်မံ ရင်းနှီးမြှုတ်နှံရန် ငွေလုံးငွေရင်းရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment