Tuesday, February 20, 2018

ပွင့်ဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ယာဉ်တိုက်မှုဖြစ်၍ သေဆုံး

ပွင့်ဖြူ   ဖေဖော်ဝါရီ   ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီ ၁၉ ရက်၊ ယမန်နေ့နံနက် ၈ နာရီအချိန်က ပွင့်ဖြူမြို့နယ်ကုန်းဇောင်းနယ်မြေရဲစခန်းမှ ရဲအုပ်ချစ်ကောင်းစံ သည် နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စုံစမ်းခဲ့ရာ သေဆုံးသူအမျိုးသမီး ငယ်မှာ ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာနေ ဒေါ်လှသီသည် သမီးဖြစ်သူ မစိုးသဉ္ဇာနွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူအား ဆိုင်ကယ်ယာဉ်အမှတ်မပါ KENBO – 110 အနက်ရောက် ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လျက် ကျောင်းကုန်း ကြီးကျေးရွာမှ ကုန်းဇောင်းကျေးရွာ(အနောက်မှ အရှေ့)သို့ မောင်းနှင်လာရာ ရွာခိုင်ကျေးရွာနှင့် ကုန်းဇောင်းကျေးရွာကြား မိုင်တိုင် အမှတ် 7 KM နှင့် 8 KM ကြားအရောက်တွင် လားရာတူရှေ့မှ မောင်းနှင်လျှက်ရှိသော အစိမ်းရောင် ပုဇဉ်းယာဉ်၏ ဝဲဘက်မှ ဖြတ်သန်းမောင်းနှင်ကျော်တက်စဉ် ပုဇဉ်းယာဉ်အား ကျော်လွန်မောင်းနှင်လာသော အနောက်ကိုင်းကျေးရွာနေ ဇင်မင်းထက် (ဘ) ဦးအေးပိုင် တစ်ဦးတည်းမောင်းနှင်လာသော ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်နှစ်စီးလုံးလဲကျကာ ဆိုင်ကယ် စီးနင်းသူ(၂)ဦးနှင့် နောက်မှလိုက်ပါစီးနင်းသူ မစိုးသဉ္ဇာနွယ်မှာ ဦးခေါင်းနောက်စေ့ ဖုရောင်ဒဏ်ရာ၊ ဝမ်းဗိုက်ဝဲဘက်နံရိုး အောက်နားတွင်  ပွန်းပဲ့ဒဏ်ရာ၊ ဝမ်းဗိုက်ယာဘက်နံရိုး အောက်နားတွင် ပွန်းပဲဒဏ်ရာ၊ ဝဲဘဏ်ဒူးခေါင်း ပွန်းပဲဒဏ်ရာ၊ ယာဘက်ဒူးခေါင်း ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်တံတောင်ဆစ် အောက်နားတွင် ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ခြေမအောက်နားတွင် ပေါက်ပြဲဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ သေဆုံးမှုနှင့် ပက်သက်၍ ပွင့်ဖြူမြို့နယ်ကုန်းဇောင်းနယ်မြေရဲစခန်းမှ ရဲအုပ်ချစ်ကောင်းစံမှ ယာဉ်(ပ) ၁/ ၂၀၁၈ - ၃၀၄-က / ၃၃၇ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment