စေတုတ္တရာ မတ် ၁
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်ပေးနေသော တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌
ဒေသခံပြည်သူ(၈၉၉) ဦးတို့အား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးခဲ့ကြောင်း
သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်
ဆေးကုသမှုဆိုင်ရာ ရောဂါ(၂၄၂)ဦး၊ ခွဲစိတ်ရောဂါ (၆၄) ဦး၊ ကလေးရောဂါ(၄၈) ဦး၊ သားဖွားမီးယပ်ရောဂါ
(၃၈) ဦး၊ အရိုးရောဂါ(၆၇) ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ(၈၁) ဦး၊ မျက်စိရောဂါ
(၂၆၄) ဦး၊ သွားရောဂါ(၃၂) ဦး၊ အထွေထွေရောဂါ(၆၃) ဦးတို့အား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
၎င်းတို့အနက်
မျက်စိအသေးစား ခွဲစိတ်မှု (၂) ဦး၊ အထွေထွေခွဲစိတ်မှု (၁၁) ဦးတို့ကို ခွဲစိတ်ကုသမှုများ
ဆောင်ရွက်ပေးခဲ့ပြီး သွားနှုတ်(၂၆) ဦး၊ သွားဖာထေး(၁၀)
ဦး၊ တယ်လီဘေးရှင်း ဓါတ်မှန်ရိုက် လူနာ(၄၃) ဦး၊ ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ(၂၉)
ဦး၊ ဓါတ်ခွဲစမ်းသပ်မှု (၅၄) ဦးတို့ကို စမ်းသပ်ပြုလုပ်ပေးခဲ့ကြောင်းနှင့် ယင်းသို့
ဆောင်ရွက်ပေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် အဖွဲ့ ၀င်များက သွားရောက်ကြည့်ရှု
အားပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်
0 comments:
Post a Comment