Friday, February 2, 2018

ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ၊အဖွဲ့ဝင်များ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆွေးနွေး




စေတုတ္တရာ    ဖေဖော်ဝါရီ   
          မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ၊ အဖွဲ့ဝင်(အများယုံကြည် လေးစားခံရသူ)နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ၊ အဖွဲ့ဝင်များ တွေ့ဆုံခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
          အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးမြင့်ကျော်မှ အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ မင်းဘူးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်ခိုင်ဇော်မှ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ  ဦးသိန်းမြင့်မှ ရွေးကောက်ပွဲအတွေ့အကြုံနှင့် အခက်အခဲများကို ဆွေးနွေးခဲ့ သည်။
          ဆွေးနွေးပွဲတက်ရောက်လာကြသည့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို  အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ (၃း၃၀) အချိန် တွင် ရုပ်သိမ်းကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment