စေတုတ္တရာ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်အတွင်း အခြေခံကျန်းမာရေးဝန်ထမ်းများမှ မကူးစက်နိုင်သော
ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်
အသိပညာပေး ဆွေးနွေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ၂၃ရက်နေ့ နံနက် (၁၀) နာရီအချိန်က
မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင်
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မိုးခိုင်မှ အဖွင့်အမှာစကားပြော
ကြားပြီး တပွင်တိုက်နယ်ဆရာဝန် ဒေါက်တာချမ်းငြိမ်းကိုကိုမှ မကူးစက်နိုင်သော ရောဂါများနှင့်
ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ သိရှိလိုသည်များကို
မေးမြန်း ဆွေးနွေးကြကာ ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ နာတာရှည် စသည့် ကူးစက်ခြင်းကြောင့်
မဟုတ်သော ရောဂါခံစား နေရသူများအား ကျေးလက်ရော မြို့ပြပါမကျန် ရှာဖွေစစ်ဆေး၍ ကာကွယ်သွားရန်
ရည်ရွယ်ချက်ဖြင့် ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ နှင့် အမျိုးသမီးရေးရာအဖွဲ့အ၀င်များ
တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်
0 comments:
Post a Comment