Tuesday, February 20, 2018

ပွင့်ဖြူမြို့နယ်တွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသားကျောင်းသူ ၃၉၀၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရ ။

ပွင့်ဖြူ   ဖေဖော်ဝါရီ  ၂၀

၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၉၀၇)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရ သည်။ 

ပွင့်ဖြူမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကျောင်းသားကျောင်း သူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ယခုနှစ်တွင် စာစစ်ဌာန(၆)ခုဖြင့် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရပြီး၊ စာမေးပွဲ ဖြေဆိုရက်များအတွင်း ကျောင်းသားကျောင်းသူ အေးချမ်းစွာ သွားလာဖြေဆိုနိုင်ရေးအတွက်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင် များနှင့် ကျောင်းသားကျောင်းသူ မိဘများမှ အနီးကပ် စောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ ယခင် ၂၀၁၇ ခုနှစ် ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကျင်းခဲ့ရာတွင် ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုရန် ပွင့်ဖြူ(အ.ထ.က)၊ ကံသာကြီး(အ.ထ.က)၊ ရှောက်တော(အ.ထ.က)၊ ကုန်းဇောင်း(အ.ထ.က)၊ ကျောင်းတော်ရာ(အ.ထ.က) စုစုပေါင်း စာစစ်ဌာန (၅)ခုဖြင့်သာ ဖြေဆိုကျင်းပခဲ့ပြီး၊ ယခုနှစ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လယ်ကိုင်း(အ.ထ.က) စာစစ်ဌာန တစ်ခု တိုးချဲ့ဖွင့်လှစ်ပြီး စာစစ်ဌာန(၆)ခုဖြင့် ဖြေဆိုကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။   ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment