Tuesday, February 13, 2018

မင်းဘူးမြို့၌ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ




မင်းဘူး        ဖေဖော်ဝါရီ    ၁၂
၂၀၁၈ခုနှစ်၊ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်(၇) နာရီအချိန်က မင်းဘူးမြို့ ပြည်သူ့ပန်းခြံ၌ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား စုပေါင်းအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံမှ ပေးပို့သော  ၂၀၁၈ခုနှစ်၊ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာအား မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ ဖတ်ကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment